အပိုင်း 45 (Final)

842 50 13
                                    

အပိုင်း 45 (Final)

ကောင်းမွန်မြတ် အိမ်ကိုရောက်ရောက်ချင်း ကားပေါ်ကနေ သမီးလေးကိုပွေ့ချီလိုက်သည်။

"နန်းမွန်မြတ်.....ဖေဖေ သမီးကိုမေးစရာရှိတယ်...အမှန်တိုင်းဖြေရင် သမီးသွားချင်တဲ့ဆီလိုက်ပို့မယ်"

ကောင်းမွန်မြတ် သမီးဖြစ်သူကို ချော့၍မေးဖို့ဆုံးဖြတ်လိုက်သည်။

"သမီးလေး....သမီးလေးက ဘာလို့ဖေဖေလာကြိုတာမကြိုက်ရတာလဲ ပြောပါဦး"

သူကသာမေးနေပေမယ့် သမီးလေးကမဖြေ။ပါးစပ်ကို လက်နှစ်ဖက်နဲ့အုပ်ထားသည်။လုပ်နေတဲ့ပုံစံလေးက ချစ်ဖို့ကောင်းပေမယ့် သူ ရအောင် မေးရမည်။မကောင်းတဲ့အပြုအမူတွေ သမီးလေးမှာ သူမရှိစေချင်။

"သမီးလေး....သမီးလေး မူ​ကြိုမှာ ကဗျာတွေသင်ရလား"

"ဟုတ် သင်ရတယ်ဖေဖေ..."

"သမီးလေး....ဒီကဗျာသိလား....​ရွှေခဲကလေး ဖိုးကြက်တော မှန်တာရဲရဲပြော....လိမ်မပြောနဲ့ မောင်လေးရယ် ရွှေခဲလှောင်လိမ့်မယ်...အဲ့တာပြီးတော့ ဘာပါလိမ့် ဖေဖေမေ့သွားလို့"

"လိမ်တယ်ဆိုတာ သတ္တိနည်း လူညံ့လူကြောက်ပဲ"

ကောင်းမွန် သမီးလေးကို ဖက်လိုက်သည်။

"သမီးလေး....လိမ်တယ်ဆိုတာ ကောင်းလား"

"မကောင်းဘူးဖေဖေ"

"အင်း ဟုတ်ပြီ...မကောင်းတဲ့အပြုအမူလုပ်တာက လူဆိုးလား လူကောင်းလား"

"လူဆိုး"

"ဟုတ်ပြီ...အဲ့တာဆို သမီးလေးက အခု ဖေဖေမေးတာကိုအမှန်တိုင်းဖြေ....မဟုတ်ရင် သမီးလေးက လူဆိုးဆိုပြီး ရွှေခဲကလေးက လှောင်လိမ့်မယ်"

နန်းမွန်မြတ် ဖေဖေ့ကို ရယ်ပြပြီး အာဘွားပေးလိုက်သည်။

"မွ....မီး အမှန်တိုင်းဖြေမယ်ဖေဖေ....ရွှေခဲလေး မီးကို လှောင်မာ မီးကြောက်တယ်"

"သမီးလေး....ဖေဖေလာ​ကြိုတာ ဘာလို့မကြိုက်တာလဲ ပြော"

နန်းမွန်မြတ် ဖေဖေ့က်ိုစိုက်ကြည့်ကာ....

"ဖေဖေက မီး စားချင်တာတွေ မကျွေးဘူး....ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့လို့ပြောတာ"

You've reached the end of published parts.

⏰ Last updated: Dec 01, 2023 ⏰

Add this story to your Library to get notified about new parts!

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now