အပိုင်း 25

465 35 6
                                    

အပိုင်း 25

"ကိုကို"

မေလေး ကိုကို့အားမြင်သော် TVကိုပိတ်လိုက်သည်။
နန်းနန်း သူ့ပါးစပ်ထဲက စားလက်စဟော့ဒေါ့ချောင်းကိုမြန်မြန်ဝါးပြီးမြိုချလိုက်သည်။

"နန်းနန်း နင်မယ် ဘယ်လိုစားနေတာလဲ"

"ဟီး ကိုကောင်းမွန်မြတ် ပြန်လာပြီပေါ့...ဒီနေ့စောသားပဲ"

"အကင်တွေက နန်းနန်းဝယ်လာတာလား"

"ဟုတ်တယ် ကိုကို ....မေလေးနဲ့နန်းနန်းထိုင်စားနေကြတာ....ပြီးတော့ ကိုကို့ကလေးကိုရောမေလေးတို့ကျွေးတယ်နော်"

ကောင်းမွန် ပန်ဒါပါးစပ်ကအကင်နံ့ကိုအခုမှသဘောပေါက်တော့သည်။

"နန်းနန်း ဘယ်ချိန်လောက်ကရောက်တာလဲ"

"9နာရီလောက်က"

"အင်း စာလာကျက်တာမလား...ဘာစာတွေနားမလည်လဲကိုကို့ကိုမေးလေ"

"ရတယ်အကို...မေလေးရှင်းပြတယ်နန်းနန်းကို Grammarတွေ"

"ommကလေး...နောက်ကျနားမလည်ရင်ကိုကို့ကိုမေးနော်...မေလေးရောဒီနေ့ဘာစာတွေလုပ်လဲ"

မေလေး ကုသိုလ်တော်မှာ အဂ်လိပ်စာနဲ့မြန်မာစာပဲကြည့်ခဲ့တာဖြစ်သည်။ကိုကို့ကိုသူဘယ်လိုဖြေရမလဲမသိ။လုပ်ခိုင်းတာကတစ်ခြားဘာသာတွေအခုသူလုပ်တာကတစ်ခု။ကိုကို့စကားကိုသူအလေးအနက်မထားသလိုဖြစ်နေသည်ဟုတွေးမိသည်။

"ကိုကို မေလေး Englishနဲ့ မြန်မာလုပ်တယ်"

"ဟ....မနက်က ကိုကိုဘယ်လိုမှာသွားတာလဲ"

ဓာတု ရူပ ဇီဝ သုံးဘာသာဒီနေ့လုပ် ပြောတာကို မြန်မာစာနဲ့အဂ်လိပ်စာလုပ်တယ်လို့ပြောသောမေလေးအားကောင်းမွန်ပိတ်ရိုက်ပစ်ချင်သည်။

"နန်းနန်း ရောက်ရောက်ချင်း မေလေးEnglishလုပ်တယ်ကိုကို....စောနာကမြန်မာလေးကျက်လိုက်တာ...တစ်နေကုန်အိမ်မှာစာလုပ်ပါတယ်ကိုကို"

နန်းနန်း သူ့ရှေ့မှ လိမ်နေသောမေလေးအား မျက်လုံးနဲ့စကားပြောလိုက်သည်။ကိုကောင်းမွန်မြတ်ကိုသူမို့လိမ်ရဲသည်။
မေလေးကလည်း သူ့အားမျက်လုံးနဲ့ပြန်စကားပြောနေသည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now