အပိုင်း 10

712 34 19
                                    

အပိုင်း 10

ဒေါ်မြင့်ဖူးမောင် မနက်ကတည်းကနေ အခန်းထဲကမထွက်သောသမီးဖြစ်သူထံ ကော်ဖီနဲ့ကိတ်မုန့်ကိုယူကာသွားလိုက်သည်။
ပုံမှန်ဆို ကျောင်းပိတ်ရက်များတွင် မနက်8နာရီဆိုနိုးတတ်သည့်သမီးဖြစ်သူက 9နာရီခွဲထိအခန်းထဲကနေမထွက်သောကြောင့် သူစိတ်ပူမိသည်။
သမီးဖြစ်သူကို မနက်စာကျွေးပြီးမှ ဆိုင်ကိုသွားထိုင်မည်တွေးလိုက်သည်။
နန်းနန်းနာမည်နဲ့ ကျောက်မြတ်ရတနာဆိုင်ဖွင့်ထားပြီးထိုဆိုင်ကို ဒေါ်မြင့်ဖူးမောင် သူကိုယ်တိုင်ဦးစီးသည်။
ဦးမောင်ဇင်က သူ့ရဲ့ဆေးဆိုင်ကိုသာ ဂရုတစိုက်နှင့်ဦးစီးလေသည်။

...........

ဒေါ်မြင့်ဖူးမောင် နန်းနန်းအခန်းကိုတံခါးခေါက်ကာဝင်လိုက်သည်။

"သမီး...နန်းနန်း ထပြီလား.....ဟင် မျက်လုံးတွေမို့အစ်နေတာပဲ...သမီးလေးဘာဖြစ်တာလဲပြောပြော"

"မေမေ....အခု နန်းနန်းဗိုက်ဆာနေပြီ.... မေမေက ဘာလို့အခုမှလာတာလဲ ...ဟင့်....နန်းနန်း ကကြာလှပြီစောင့်နေတာကို....မေမေ ကဘာလို့ခုမှလာတာလဲလို့"

"မငိုပါနဲ့နန်းနန်းရယ်....သမီးလေးငိုရင်မေမေ့နှလုံးသားနာကျင်ရလို့ပါ....သမီးဘယ်ကတည်းကနေငိုနေတာလဲ မျက်လုံးတွေမို့အစ်နေတာပဲ"

"ဟင့်"

နန်းနန်း မေမေ့ကို ဘယ်အချိန်လာမလဲဟုမျှော်နေတာကြာလေပြီဖြစ်သည်။
နန်းနန်းခေါင်းမာချက်က ဗိုက်ဆာတာကိုတောင်သွားမစားဘဲအခန်းထဲသာရွဲ့ကာနေလေခြင်းဖြစ်သည်။

"သမီး....ဘာလို့အောက်ကိုဆင်းမလာတာလဲ"

"သမီးတစ်အိမ်လုံးကိုစိတ်ကောက်နေလို့"

"ဟော.....လာလာ မေမေ့ရဲ့သမီးလေးအတွက် ကော်ဖီနဲ့ကိတ်မုန့်ပါတယ်....ကိတ်လေးကို ဇွန်းလေးနဲ့ကော်စား.. သမီးလက်တွေပွကုန်မှာစိုးလို့မေမေကဇွန်းလေးယူလာတယ်"

..................

ကော်ဖီခွက်ကို စိုက်ကြည့်ပြီး ဇွန်းနှင့်မွှေနေသောနန်းနန်းကို ဒေါ်မြင့်ဖူးမောင်ကြည့်နေသည်။

"နန်းနန်း သမီးလေး....ကော်ဖီက အဆင်သင့်သောက်ရုံပဲလေ ဘာလို့မွှေနေတာလဲ"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now