အပိုင်း 20

550 32 19
                                    

အပိုင်း 20

ဒီဇင်ဘာလ  30ရက်နေ့....

ထိုနေ့မတိုင်မီ အရင်ရက်များတွင်  နန်းနန်း ကောင်းမွန်မြတ်နဲ့မတွေ့အောင်ရှောင်သည်။မေလေးနဲ့သာစကားပြောသည်။ သူရဇော်တို့နဲ့ စနေ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် ကျုံးဘေးမှာ ဆိုင်ကယ်အမြဲစီးဖြစ်သည်။သူရဇော်က သူ့အားဆိုင်ကယ်စီးသင်ပေးလို့ သူစီးတတ်နေပြီဖြစ်သည်။ဆေးလိပ် ဘီယာ တို့ကိုလည်း သူမဖြတ်နိုင်သေး။မကောင်းတာ မှန်သမျှသူအကုန်လုပ်ပစ်သည်။အရွဲ့တိုက်ခြင်းက သူ့အတွက် ကောင်းကျိုးမဖြစ်စေတာသိရက်နဲ့ တမင်လုပ်နေခြင်းပင်။

...........

ဒီဇင်ဘာ30က နန်းနန်းရဲ့မွေးနေ့ဖြစ်တာကြောင့် ကောင်းမွန် နန်းနန်းအား လက်ဆောင်ပေးရန် အရုပ်ဆိုင်ကို ရောက်နေသည်။
သူ့အားတမင်ရှောင်နေသောကောင်မလေးကြောင့်ကောင်းမွန်စိတ်မကောင်း။
အရုပ်ဆိုင်တွင် အရုပ်မျိုးစုံရှိသည့်အထဲမှ ဒေါသထွက်နေသောကြောင်ပုံစံအရုပ်လေးကို ကောင်းမွန်ဝယ်လိုက်သည်။

"နန်းနန်းနဲ့ ဒီအရုပ်လေးနဲ့က တူလိုက်တာ"

ကောင်းမွန် ကြောင်ရုပ်ကလေးကိုယူကာ အိမ်ကိုပြန်လာလိုက်သည်။

...........................

မနက် စောစောအချိန်တွင် ဦးအောင်ဇာ သူ့ရဲ့နွားညီနောင်ကိုလှည်းတွင်တပ်ကာ လယ်တောဆီကို သွားနေလေသည်။ ပြာသိုလရောက်ပြီဖြစ်လို့ လမ်းတစ်လျှောက်တွင်မြူနှင်းများဖြင့်ဝေဝါးနေသည်။ခွာညိုပန်းများကိုရွာထဲတွင်ရောင်းနေကြသောကလေးများကိုလည်းတွေ့ရသည်။အစောကြီးဖြစ်ပေမယ့် ဘဝဝမ်းစာအတွက်ရုန်းကန်နေကြရသောကလေးများကိုမြင်တော့ သူ့သားနဲ့သမီးကိုသတိရမိပြန်သည်။လယ်ကကျဲခါစဖြစ်လို့စပါးစေ့များကိုစားကြမည့် ခို၊ ကြွက်တို့ဒဏ်များကိုလည်းသူဂရုစိုက်ရမည်ဖြစ်သဖြင့် အလုပ်အားမှမြို့ကိုသွားမည်တွေးထားသည်။မြို့သွားမည်ဆိုမှ ဒီနေ့က နန်းနန်းရဲ့မွေးနေ့ ဆိုတာခေါင်းထဲရုတ်တရက်ပေါ်လာသည်။အလုပ်မအားလို့ သူမသွားဖြစ်။နန်းနန်းစိတ်ကောက်နေရော့မည်ဟုတွေးရင်းလှည်းကိုမောင်းလာတာ လမ်းခရီးတစ်ဝက်တောင်ရောက်လို့လာလေပြီ။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Où les histoires vivent. Découvrez maintenant