အပိုင်း 26

465 37 4
                                    

အပိုင်း 26

ဘာလိုလိုနဲ့ နန်းနန်း10တန်းတက်ရမည့်အချိန်တောင်ရောက်လာလေပြီ။ကိုယ်ပိုင်ကျောင်းမသွားခင် မေလေးအား စာကြိုးစားဖို့ကျန်းမာရေးသေချာဂရုစိုက်ဖို့နန်းနန်းမှာသည်။ကိုကောင်းမွန်မြတ်ကိုလည်း သူကန်တော့သည်။ 9တန်းကတည်းက 10တန်းစာတချို့ ...မြန်မာစာခက်ဆစ် ...Englishကဗျာတွေနန်းနန်းကြိုကျက်ထားသည်။ကိုကောင်းမွန်မြတ်က မေလေးနဲ့သူ့အားကိုးတန်းတစ်နှစ်လုံးချော့လိုက်ခြောက်လိုက်နဲ့စာသင်ပေးသည်။နန်းနန်းတို့ခဏခဏလည်းအရိုက်ခံရသည်။

နန်းနန်း 10တန်းresultကောင်းဖို့သူအကောင်းဆုံးကြိုးစားမည်။တီတီနှင်းကိုလည်း မေမေတို့က သူ့အား ဂရုစိုက်ပေးဖို့မှာထားသည်။သူ
ကိုကောင်းမွန်မြတ်နဲနီးဖို့ဆေးကျောင်းကိုရအောင်တက်ရမည်။အချစ်ကြောင့်သူ့ရဲ့စိတ်ခွန်အားတွေကလည်းအပြည့်ဖြစ်နေသည်။

.
.
.
နန်းနန်း အဖြူအစိမ်းဝတ်ထားသော ဆရာဆရာမလေးတွေကားလမ်းကိုဖြတ်ကူးနေကြတာကိုတွေ့လေသည်။ဆရာမလေးတွေက ဆံထုံးလေးတွေထုံးထားပြီးအိတ်လေးတွေကိုယ်စီနဲ့ ဖြစ်သည်။အသက်အား​ဖြင့်17/18အရွယ်လောက်ဖြစ်မည်။ ကျောင်းဆိုင်းဘုတ်ကို နန်းနန်းကားပေါ်ကနေမြင်လိုက်ရသည်။
"မန္တလေးပညာရေးကောလိပ်"

နန်းနန်း မေလေးအားသတိရလာပြန်သည်။ဆရာမဝါသနာပါသောမေလေးက ပညာရေးတက္ကသိုလ်အမြဲတက်ချင်သည်ပြောဖူးသည်။ပညာရေးတက္ကသိုလ်အမှတ်မမှီပါက ပညာရေးကောလိပ်တက်မည်ပြောသည်။

နန်းနန်းတက်ရသောကိုယ်ပိုင်ကျောင်းက မန္တလေးပညာရေးကောလိပ်နဲ့နီးနီးလေးပင်ဖြစ်သည်။
တီတီနှင်းက လိုအပ်တာတွေအကုန်လုပ်ပေးသည်။
လိုက်နာရမည့်စည်းကမ်းတွေကိုလည်းပြောသည်။
ဘယ်လိုစည်းကမ်းတွေရှိရှိ နန်းနန်းလိုက်နာမည်။စာကြိုးစားမည်။အဓိကက ဆရာဝန်ဖြစ်ဖို့ပင်။
.........

"နန်းနန်း သမီးလေး တစ်ခုခုဆိုမေမေတို့ကိုဖုန်းဆက်နော်...စာကြိုးစားနော်"

"ဟုတ်ပါမေမေရ...နန်းနန်း ကိုစိတ်ချ...အခါကြီးရက်ကြီးတွေကျောင်းပိတ်ရင်နန်းနန်းပြန်လာမာပဲကို"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now