အပိုင်း 43

601 35 6
                                    

အပိုင်း 43

ဆောင်းရာသီက ညတာရှည်သည်ဆိုတာ မှန်၏။မတ်တပ်ရပ်နေရသော တစ်နာရီကကြာလွန်းသည်။
နန်းနန်းတစ်ယောက် သူ့အပြစ်တွေကိုသူသုံးသပ်ရင်း လက်မှာပတ်ထားသောအညိုရောင်နာရီလေးကိုခဏခဏကြည့်နေမိသည်။ထိုနာရီလေးက အရင်နှစ်မွေးနေ့တုန်းက ကိုကိုဝယ်ပေးထားသောနာရီလေးဖြစ်သည်။
ဒီနှစ်မွေးနေ့တောင်ရောက်​တော့မည်။
ရက်ပိုင်းပဲလိုတော့သည့်မွေးနေ့မှာ ကိုကို့ဆီက ဘာလက်ဆောင်ရမလဲကို နန်းနန်းရင်ခုန်မိသည်။

.
.

ဒေါက်....ဒေါက်....

ကိုကိုက အခန်းထဲကို ခပ်တည်တည်နဲ့ပဲဝင်လာလေသည်။

နန်းနန်း ခေါင်းကိုအောက်သို့ငုံ့ထားလိုက်သည်။

ကုတင်ပေါ်တွင်ထိုင်ပြီး စကားမပြောဘဲတိတ်ဆိတ်နေသောကိုကိုက 5မိနစ်လောက်အကြာတွင်...

"နန်းနန်း.....မင်း ဘယ်လိုစိတ်ကူးနဲ့ အဲ့လိုအကြံရတာလဲ ပြောပါဦး"

လေသံအေးအေးလေးနဲ့ပြောနေပေမယ့် နန်းနန်း
သွေးကြောတွေထဲအထိစိမ့်နေသည်။
နန်းနန်း ချက်ချင်းပြန်မဖြေဘဲ ကိုကို့ကို တစ်ချက်ကြည့်လိုက်သည်။

"ကိုကို....Babeတောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ မေးနေတာကိုပဲဖြေ....အဖြေကိုပဲသိချင်တယ်"

"ကိုကို့ကိုစမ်းကြည့်တာပါ"

"နန်းနန်း....မင်းကို ကိိုကိုချစ်တာကိုမယုံဘူးလား....ကိုကို့အချစ်ကမင်းအတွက်မလုံလောက်သေးဘူးလား....ပြီးတော့ မင်းကိုပြောမယ်....မလုပ်သင့်တဲ့အရာမစနောက်သင့်တဲ့အရာဆိုတာခွဲခြားသိတယ်မလား"

"....."

"နန်းနန်း....ဆိုးသင့်တာပဲဆိုး ဂျစ်သင့်တာပဲဂျစ်... limitထက်တော့ပိုမလာနဲ့....ကိုကို့အကြောင်းမင်းအသိဆုံးနော်....ကိုကိုမင်းကိုချစ်တာလည်းမင်းသိတယ်...အဲ့တာကို ပေါက်ကရတွေမလုပ်စမ်းနဲ့"

"ဟုတ်"

"အခုထိ ကိုကို စိတ်တိုနေတုန်းပဲ....ဒီည မေလေးနဲ့အိပ်မာလို့အိမ်ကိုဖုန်းဆက်ထားတယ်....အိမ်ကလည်းအိပ်တဲ့"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now