အပိုင်း 34

413 27 7
                                    

အပိုင်း 34

နန်းနန်းတို့ ပ S2အခန်းသည် သောကြာနေ့ဖြစ်လို့ PTချိန်အပြီးတွင် အိမ်တွင်းမှုခန်းကိုသွားကြရမည်။ယောကျ်ားလေးများက စက်မှုခန်းကိုသွားရသည်။

ဂီတ၊ကာယ၊စိုက်ပျိုးရေး၊ပန်းချီချိန်တို့တွင် ယောကျ်ားလေးမိန်းကလေးအတူပေါင်းပြီးသင်ရသော်လည်း စက်မှုလက်မှုဘာသာရပ်တွင် ခွဲ၍သင်ရသည်။

အတန်းထဲရှိအတွဲများသည် စက်မှုလက်မှုချိန်ခွဲသင်ရသည်ကိုသဘောမကျ။

သူတို့မှာ ခဏမမြင်ရရင်ကို မနေနိုင်အောင်ဖြစ်ကြသည်။

နန်းနန်း ကောလိပ်မှာရည်းစားထားဖြစ်မည်မထင်။သူ့နှလုံးသားက ကိုကောင်းမွန်မြတ်ကိုပဲလွမ်းနေမိသည်။
အသိစိတ်က မုန်းဖို့ပြောနေသော်လည်း မသိစိတ်ကဘယ်လိုမှမုန်းမရ။

ကောလိပ်ရှိအတွဲများသည် စနေတနဂ်နွေအိမ်မပြန်သည့်အပတ်များတွင် အတွဲလိုက် ကုသိုလ်တော် ...အောင်တော်မူဘုရားများကိုသွားကြသည်။

ကျုံးအထိ ကောလိပ်ကနေလမ်းလျောက်ပြီး နန်းတွင်းထဲစက်ဘီးပတ်စီးကြသောသူများလည်းရှိသည်။

နန်းနန်းမှာမူ ကျောင်းပိတ်ရက်များတွင် အခန်းတွင်းအောင်းပြီးသာအိပ်နေတာများသည်။

ဒီတစ်ပတ်ကျောင်းပိတ်ရက်တော့ မေလေးနဲ့နှစ်ယောက်အတူတူ Diamond ကိုသွားဖို့တွေးထားသည်။

.
.

နန်းနန်းနဲ့မေလေး အိမ်တွင်းမှုခန်းကိုသွားနေစဥ် ကာယဆရာမကိုတွေ့လေသည်။

"ဆရာမ သမီးဘောလုံးပြိုင်ပွဲထဲပါချင်လို့....သမီးအကောင်းဆုံးကြိုးစားမာပါ"

"အေးအေး ငှာနကိုစာရင်းလာပေးနော်သမီး"
................

မေလေး Diamondသွားဖို့အတွက် အဝတ်အစားရွေးလို့နေသည်။

"ပန်းလေး ကြည့်ပေးဦး လှလား...ဆုနှင်းရော ကြည့်ပေးပါဦး"

"လှတယ် လှတယ် ...မေလေး ကောင်လေးရနေပြီလား"

"ဟင့်အင်း မရပါဘူး...နန်းနန်းနဲ့အပြင်လျောက်လည်မို့ပါ"

"နန်းနန်းနဲ့ ရှင်နဲ့ကဘာတွေလဲ"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now