အပိုင်း 7

637 29 15
                                    

အပိုင်း 7

အချိန်ရာသီများ ကူးပြောင်းလာလေပြီဖြစ်သည်။ကောင်းမွန် သတ္တမတန်းကို ရွာကျောင်းမှာသာ ပြီးဆုံးအောင်တက်လိုက်သည်။

ယခုအချိန်တွင်ကောင်းမွန်မြတ် မှာ အဋ္ဌမတန်းသို့တက်ရမည်ဖြစ်ပြီး မေမွန်မြတ်မှာ တတိယတန်းတက်ရမည်ဖြစ်သည်။

ကောင်းမွန်တို့ မောင်နှမနှစ်ယောက် မန္တလေးကိုသွားရတော့မည့်အချိန်ဖြစ်သဖြင့် ဖေဖေ့ကိုကန်တော့လို့နေသည်။ ဖေဖေတစ်ယောက်တည်းဖြစ်မည်စိုးသောကြောင့် ဖေဖေ့အစ်မ ကြီးကြီးက ကောင်းမွန်တို့အိမ်ကိုလာနေမည်ပြောသည်။

ဖေဖေက မန္တလေးကိုမသွားခင် ကောင်းမွန်တို့အားမှာစရာရှိသည်ကိုမှာလို့နေသည်။

"ငါ့သား.....လိမ်လိမ်မာမာနေရမယ်နော်...အဖေမနေ့ညက မှာတာတွေမမေ့နဲ့"

"ဟုတ်ကဲ့ပါ အဖေရ သားကြိုးစားမာပါ...သား အမေဖြစ်စေချင်တဲ့ဆရာဝန်ကြီးဖြစ်အောင်ထိကြိုးစားမာ"

ဦးအောင်ဇင် မြေကြီးအား ခေါင်းစိုက်မတက်ကြည့်နေသော သမီးလေးကိုဖက်လိုက်သည်။

"မေလေး....ကိုကိုနဲ့အတူတူ မြို့မှာလိုက်နေချင်တာသေချာရဲ့လား"

"ဟုတ်ဖေဖေ...အီး...မေလေး ကိုကိုနဲ့ပဲနေမယ်"

"သမီးလေး...ဖေဖေ့သမီးလေး ကိုကို့စကားနားထောင်နော်"

သား ဖ သုံးယောက်စကားပြောနေစဥ် မြို့ကလာကြိုသောကားလေးရောက်လို့လာသည်။

"အဖေ.....သားရဲ့ ကြက်ဖလေးကို ယူသွားမယ်နော်"

"ဟိုကြ ဖိုးဝါ ကိုသေချာဂရုစိုက်နော်ငါ့သား...အိမ်ထဲတွေလည်းလျောက်မသွားစေနဲ့"

"ဟုတ်အဖေ...သားသွားပြီနော်"

တရွေ့ရွေ့မောင်းကာသွားသော ကားလေးကိုကြည့်ကာ ဦးအောင်ဇာမျက်ရည်ကျမိသည်။

"ရည်မွန်...မင်း ရဲ့သားနဲ့သမီးရဲ့ ပညာရေးအတွက် မင်းစိတ်မပူပါနဲ့တော့ကွာ"

ကားလေးသည် သရက်ပင်တန်းကြီးကြားမှ တဖြည်းဖြည်းကွယ်ပျောက်လို့သွားလေသည်။

.............................

ရွှေအိမ်စည်တစ်ယောက် ကောင်းမွန်နှင့် အဆက်အသွယ်မရတာတော်တော်ကြာလေပြီဖြစ်သည်။ ကောင်းမွန်အမေ ဒေါ်ရည်မွန်ဆုံးကတည်းကအိမ်စည်ကောင်းမွန်နှင့်မတွေ့ရသေးပေ။
အိမ်စည် ကောင်းမွန်နှင့်တွေ့ချင်မိသည်။ သူ့သူငယ်ချင်းအား သူနှစ်သိမ့်ပေးချင်သည်။ကောင်းမွန်ခက်ခဲပင်ပန်းနေချိန်မှာ အိမ်စည်သူ့အနားမှာရှိပေးချင်သည်။ ကောင်းမွန်တို့ရွာကို အိမ်စည်ဘယ်လိုသွားရမလဲမသိ။ ပါးစပ်ပါရွာရောက်ဆိုသည့်စကားအတိုင်း အိမ်စည်မေးပြီးသာသွားမည်ဟုဆုံးဖြတ်လိုက်သည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now