အပိုင်း 30

496 31 12
                                    

အပိုင်း 30

နန်းနန်း ထွက်သွားသောကားလေးကိုကြည့်ပြီး သက်ပြင်းသာချလိုက်မိသည်။
မရွှေအိမ်စည်နဲ့ သူနဲ့ကလည်း ရေစက်ပါလောက်သည်။
ဘာပဲဖြစ်ဖြစ် မေလေးရောသူရောဂုဏ်ထူးအများကြီးနဲ့အောင်တာကြောင့်နန်းနန်းပျော်သည်။

အမှတ်စာရင်းထွက်လာပါက များဖို့သာမျှော်လင့်နေမိသည်။

"နန်းနန်း....ငါလေ 5ဘာသာထွက်တာကိုမယုံနိုင်ဘူး သိလား.....ဟုတ်ရောဟုတ်ရဲ့လားမသိဘူး"

"ဟာ ကိုကောင်းမွန်မြတ်လောက်တိကျတာ ကိုကောင်းမွန်မြတ်ပဲရှိတာကို သေချာတာပေါ့မေလေးရယ်"

"အမှတ်ကတော့ နည်းလောက်မာ"

"ဘာပဲဖြစ်ဖြစ် အဲ့တာတွေမတွေးနဲ့ဦး...ငါတို့အခုပျော်မယ်"

မေလေးနဲ့နန်းနန်းအနားကို ပန်ဒါလေးရောက်လို့လာသည်။ကြီးကြီးညိုက ပန်ဒါလေးအနောက်ကနေ လိုက်လာသည်။

"မေလေးနဲ့ နန်းနန်း ဒီမှာဘာတွေလဲ"

"ဟင် ကြီးကြီးညို ပိုက်ဆံတွေ"

"ကောင်းမွန်က ပေးသွားတယ်...နန်းနန်းနဲ့မေလေးကြိုက်တာဝယ်ကျွေးလိုက်ပါတဲ့"

"အာ တကယ်လား...ကိုကိုကမိုက်လိုက်တာ နန်းတို့အကင်သွားစားလိုက်မယ် ပေးကြီးကြီး"

မေလေး ကြီးကြီးလက်ထဲက ပိုက်ဆံတွေကိုယူလိုက်သည်။

"မရဘူး...အိမ်မာပဲစားရမယ်တဲ့ အပြင်မသွားစေနဲ့တဲ့...ကြီးကြီးညိုကိုပြောဘာစားမာလဲ"

"ဟာ ကိုကိုက မေလေးတို့ဘာလုပ်မာကျနေတာ"

"မေလေးရယ် နန်းတို့အိမ်မာပဲစားကြမယ်လေနော် အိမ်မှာစားလည်းရတာပဲကို"

"ommomm "

..........

ကောင်းမွန် ဆေးရုံကုတင်ပေါ်တွင် လဲနေသောရွှေအိမ်စည်ကို ထိုင်​စောင့်နေသည်။

ရွှေအိမ်စည်ရဲ့ မျက်တွင်းကလည်းအနည်းငယ်ညိုနေသည်။

ခဏအကြာတွင် မျက်လုံးလေးက အနည်းငယ်လှုပ်လို့လာသည်။

"အိမ်စည် ....ဘယ်လိုနေသေးလဲ"

"အာ့..ခေါင်း က ကိုက်တယ် ကောင်းမွန်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now