အပိုင်း 40

566 43 12
                                    

အပိုင်း 40

ချယ်ရီတွေရှိတဲ့မြေကနေ အောင်ကျော်ချမ်းအေး မန္တလေးရွှေမြို့တော်ကို နန်းနန်းတို့ရောက်လို့လာခဲ့လေပြီဖြစ်သည်။

မန္တလေး နန်းမြို့ရိုးရဲ့အလှကို ကိုကို့ပခုံးပေါ်မှီပြီး နန်းနန်းကြည့်နေမိသည်။နန်းမြို့ရိုးအလှက တစ်ယောက်တည်းကြည့်တာထက် ကိုကိုနဲ့အတူကြည့်ရတာကပိုပြည့်စုံသည်။
နန်းနန်းတို့ ချစ်သူဖြစ်တာ2နှစ်တောင်ရှိလေပြီ။
သဘာဝအလှတွေ...ရှုခင်းအလှတွေကို ကိုကိုနဲ့နန်းနန်း အားလပ်ရက်မှာ အတူတူကြည့်ကြသည်။
နန်းနန်း ကိုကို့ကို တစ်နေ့တစ်ခြားပိုလို့ချစ်မိသည်။
ကိုကိုက သူ့အား စိတ်လုံခြုံမှုအပြည့်ပေးသည်။

ကိုကို့ကို သူ့မှာSubmissiveစိတ်ရှိနေတာကိုလည်း ချစ်သူသက်တမ်း1လပြည့်တုန်းက ပြောပြခဲ့သည်။ကိုကိုက နားလည်လက်ခံပေးသည်။
ကိုကို ကိုယ်တိုင်လည်း Dom Subအကြောင်းကိုလေ့လာသင့်သလောက်လေလာခဲ့သည်။တီတီနှင်းကလည်းလိုအပ်တာတွေကူညီပေးသည်။
အရင်က DSကနေ RSအထိမြဲသွားတဲ့အတွဲလေးတွေကို နန်းနန်းအားကျခဲ့ရသည်။RSက​နေDSကအဆင်ပြေပါ့မလားလို့နန်းနန်းတွေးခဲ့ပေမယ့် ကိုကိုနဲ့သူနဲ့ကအဆင်ပြေလို့ပျော်ရသည်။နန်းနန်းဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝလို့လာလေသည်။

မေလေးကလည်း နန်းနန်းအား သူ့အမှားတွေကိုတောင်းပန်ရှာသည်။နန်းနန်း မေလေးကိုခွင့်လွှတ်ပေးသည်။လူတိုင်းမှာအမှားဆိုတာရှိတတ်တာကိုနန်းနန်းနားလည်၏။
မေလေးက နန်းနန်းဘဝရဲ့အချစ်ရဆုံးသူများထဲကတစ်ယောက်ပင်။

နန်းမြို့ရိုးအလှကို ဆက်ပြီးကြည့်နေစဥ်...

နန်းနန်း သူ့ရဲ့နဂိုဖြောင့်စင်းနေသောဆံပင်လေးကို နားကြားတွင်ညှပ်လိုက်သည်။

"ကိုကို....ဘေဘီ ကလေးတွေနဲ့ လုံတောက်ရွာလေးကိုလွမ်းလိုက်တာ....ဘေဘီ မန္တလေးကိုအပြောင်းအရွှေ့မတင်ချင်ဘဲတင်လိုက်ရတာ"

ကောင်းမွန်မြတ် နန်းနန်းခေါင်းလေးကိုဖွဖွလေးနမ်းလိုက်သည်။

"ဘေဘီ....ဘဝမှာတွေ့ကြဆုံကြရပြီး ခွဲခွာကြရတာတွေချည်းပါပဲ...နောက်ကျ အလည်သွားကြမယ်လေနော်....ဘေဘီ...မိဘတွေက အသက်တွေကြီးကြီးလာပြီမို့ ဘေဘီလေးက လိမ်မာပြီးသိတတ်ရမယ်နော်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now