အရိပ်များ

656 63 18
                                    

ရှောင်းကျန့် ရိပေါ်ဘေးနားမှာထိုင်နေရင်း ရိပေါ်ရဲ့မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်နေသည်မှာ ညနေပင်စောင်းနေပြီဖြစ်သည်။ ဘာမှလည်းစားမဝင်သလို စားချင်စိတ်လည်းရှိမနေပါ။

"တစ်ခုခုစာသင့်တယ် မဟုတ်ရင်လဲသွားလိမ့်မယ်"

အဟာရဖြစ်စေမဲ့စားစရာတွေသယ်လာရင် ပြောနေသည့်ကျိုးချန်ကိုသူလှည့်ကြည့်မိသည်။ကျိုးချန်သူ့ကိုဝိုင်းကျယ်နေသည့်မျက်လုံးတွေနဲ့ပြန်ကြည့်သည်။ထို့နောက်ကျိုးချန်မျက်ဝန်းထဲတွင်ချက်ချင်းမှိုင်းညှို့သွားပြန်သည်။

"မင်းကလေးလားရှောင်းကျန့်ရာ ဟင်!!!သမားတော်ကြီးကိုယ်တိုင်ကစိတ်မပူဖို့ပြောပြီးပြီပဲကွာ မင်းမျက်ရည်တွေသုပ်ပစ်လိုက်စမ်းပါ"

"ကျိုးချန်..,ငါ....ငါအသုံးမကျဘူးကွာ....ငါကာကွယ်မပေးနိုင်ဘူး....ငါ..ကိုယ်ချစ်ရတဲ့လူကိုမှမကာကွယ်နိုင်ရင်.....တိုင်းပြည်ကိုဘယ်လိုကာကွယ်မလဲ....ငါအသုံးမကျဘူးကျိုးချန်ရာ"

"ဒါက.....ဖြစ်သင့်တဲ့ကံပါလာလို့ဖြစ်ရတာပဲလေ နောက်ဆို အစောင့်တွေတင်းကျပ်ထားလိုက်ရင်ရမှာပါ.....ကြင်ယာတော်ရော ကလေးရော ဘာမှမဖြစ်ပါဘူးရှောင်းကျန့်ရာမငိုနဲ့တော့"

ကျိုးချန်သူငယ်ချင်းဖြစ်သူကိုချော့ရင်သူပါအသံတွေတုန်လာသည်။သူတိူ့သုံးယောက်ထဲတွင် ရှောင်းကျန့်ကအသန်မာဆုံးလို့ပြောရအောင်ပင် ပြတ်သားသည် ရဲရင့်သည် အသဲမာသည် မျက်ရည်ခိုင်ပါသည်။ သူတို့ကိုပညာသင်ပေးတဲ့ဆရာကြီးဆုံးသွားစဉ်က အားလုံးနီးပါမျက်ရည်မဆည်နိုင်အောင်ငိုကြသော်ငြား ရှောင်းကျန့်တစ်တော့ မျက်နှာညှိုးနွမ်းနေရုံသာ။ထိုမျှထိမျက်ရည်ခိုင်သူသည် ကောင်လေးတစ်ယောက်၏လက်ကိုကိုင်ရင် မျက်ရည်လည်ရွှဲဖြင့်ကလေးလိုငိုနေသည့်တဲ့လား။

ရှောင်းကျန့်ကိုအစားချော့ကျွေးနေပေမဲ့ ဘယ်လိုမှမစားဘူးငြင်းနေတာကြောင့် နောက်ဆုံးလက်လျှော့လိုက်ရသူသည်ကျိုးချန်ပဲ ဖြစ်သည်။
ဂျီးကြောင်ပတ်ကြောင်များတဲ့ကောင်ဟုဆိုကာနှာခေါင်းရှုံ့၍အပြင်ထွက်သွားသည့်တိုင်ရှောင်းကျန့်မလှုပ်မယှက်ထိုင်နေမိဆဲ ဖြစ်သည်။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now