နန်းတတ်ပွဲ(နန္းတတ္ပြဲ)

1.5K 139 5
                                    

"အိမ်ရှေ့စံနန်းတတ်တော့မယ်"

"မင်းကြီးကထီးနန်းကိုစွန့်လွှတ်ပြီးတောင်ပေါ်ကဘုန်းတော်ကြီးကျောင်းမှာအပြီးနေမလို့တဲ့"

"အိမ်ရှေ့စံနန်းတတ်ရင်တော့ပြည်သူတွေအတွက်ဘုရားပေးတဲ့ဆုပေါ့အေ ဘာပြောကောင်းမလဲ"

"ဟုတ်ပါ့ ဟုတ်ပါ့ ပြည်သူတွေကိုကြင်နာတတ်တဲ့မင်းကြီး ရဲ့သားတော်အိမ်ရှေ့စံကလဲ ဖြောင့်မတ်မှန်ကန်ပြီးသိပ်ကြင်နာတတ်တာပဲ"

တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့အသံတွေကတော့အိမ်ရှေ့စံရဲ့ကောင်းကြောက်းများပက်။ဒီအိမ်ရှေ့စံမျက်နှာများတာကိုသူ့ပြည်သူတွေမသိဘူးထင်ရဲ့

"လမ်းကြောင်းပြောင်း"

ဝေါယာဉ်ပေါ်က အမျိုးသမီးရဲ့အသံခပ်ဆူးဆူးကြောင်းအထမ်းသမားများခေတ္တရပ်လိုက်ကြသည်။

"ဘယ်ကိုသွားရမှာလဲသခင်မလေး"

"နန်းတော်ကိုသွားမယ်"

"ဟုတ်ကဲ့"

အထမ်းသမားတွေခေါင်းရှုပ်ပါပြီ။ဟုတ်တယ်လေ ဒီလိုအချိန်ကြီးကိုနန်းတွင်းဝင်လို့ဘယ်သူကလက်မခံမှာလဲလို့

"ရပ်"

နန်းတွင်းဂိတ်ဝရောက်သည်နှုင့်ချက်ချင်းတားစီးခံလိုက်ရပေမဲ့လက်ထဲမှာပါလာတဲ့ဝင်ခွင့်အမိန့်ပြားကြောင့် အစစ်းဆေးအမေးမြန်းမရှိဝင်နိုင်ခဲ့တယ်။ တော်သေးတာပေါ့။

"သခင်မလေး ဘယ်ကိုဆက်သွားရမှာလဲ"

"အိမ်ရှေ့စံအိမ်တော်"

ဘုရားရေ သခင်မလေးရူးသွားတာများလား ဒီနေ့ကအိမ်ရှေ့စံအိမ်တော်ကိုဝင်ချင်တိုင်းဝင်လို့ရမဲ့နေ့မဟုတ်ဘူးလေ နောက်ပြီး အိမ်ရှေ့စံအိမ်တော်ကအစောင့်တင်းကြပ်တယ်လို့ကြားဖူးတဲ့အပြင် နန်းတော်ရဲ့ဥယာဉ်ဟောင်းကြီးထဲမှာရှိနေတာလေ။

"ရပ်! ဒီဘက်ကဝင်ခွင့်ပိတ်ထားတယ်"

တွေ့လား ထင်တဲ့အတိုင်းပဲ အိမ်ရှေ့စံအိမ်တော်ကဝင်လို့မရပါဘူးဆို

"ငါ့ကိုအောက်ချပေး"

ဝေါယာဉ်ပေါ်က အမျိုးသမီးကိုအောက်ချပေးလိုက်တော့ ပန်းနုရောင်ဝတ်စုံနဲ့ထိုအမျိုးသမီးဟာဟန်နိုင်ငံတော်ရဲ့အလှဆုံးအမျိုးသမီးလို့တင်စားရလောက်တဲ့ဝမ်ချင်ပင်

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now