ကြင်ယာတော်လေးစိတ်ကောက်နေသည်

845 69 12
                                    

မင်းကြီးကြွချီလာပါပြီဆိုတဲ့အသံကျယ်ကျယ်
နှင့်ရှေ့တော်ပြေးရဲ့အသံအဆုံးမှာ နန်းဆောင်ထဲကလူတွေ ခေါင်းအလျှိုလျှို့ငုံ့ထားကြရသည်။

ခြေလှမ်းကျဲကျဲနှင့်မင်ကြီးဟာဒေါနှင့်မာန်နှင့်လမ်းလျှောက်လာပုံပင်။တစ်ဆောင်လုံးကြောက်ရွံံ့လန့်ဖျတ်နေကြသော်ငြားအဆောင်ထဲကကောင်ငယ်လေးကတော့ တုတ်တုတ်မျှပင်မလှုပ်

မင်းကြီးအဆောင်ထဲရောက်သည်နှင့် စားပွဲဝိုင်းလေးမှာထိုင်ကာရေနွေးကြမ်းသောက်နေတဲ့ကောင်လေးကိုတွေ့ရလေသည်။အသားဖြူဖြူနှင်ကောင်လေး၏မျက်နှာနုနုသည်ပကတိတည်ငြိမ်လျှက်သားလေးဖြစ်ကာ အဖြူရောင်အဝတ်ကိုပဲဝတ်ဆင်ထားပြန်သည်။

"ဝမ်......ကိုယ်တောင်းပန်ပါတယ်"

"..........."

ဟိတ်ဟန်နဲ့လမ်းလျှောက်လာသောမင်းကြီးသည်အဖြူရောင်လေးရှေ့တွင်ဒူးထောက်ကာတောင်းပန်နေမည်ဟုမည်သူထင်လိမ့်မည်နည်း။

"ဝမ်.......ကိုယ့်ကိုအဲ့လိုကြီးစကားမပြောပဲမနေပါနဲ့ကွာ"

"မင်းကြီးဂတိမတည်ဘူး.....မင်းကြီးလူလိမ်"

"ကိုယ်တောင်းပန်ပါတယ်ကွာ...... ကိုယ်အဲ့နေ့က ကိစ္စတစ်ခုမှသတိမရဘူးဝမ်....."

"မင်းကြီးကိုယ်တိုင်ဂတိပေးထားခဲ့တာ ကျွန်တော်မဟုတ်တဲ့ ဘယ်သူနဲ့မှ မငြိစွန်းစေရဘူးဆိုပြီး"

"ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်ဝမ်ရယ်"

"ကျွန်တော်နားလည်ပါတယ် မင်းကြီးလဲ ယောကျာ်းတစ်ယောက်ပဲ အသစ်အဆန်းအထိအတွေ့မှာသဘောကျခဲ့ရုံပါပဲဟုတ်တယ်မလား"

"အဲ့ဒီ့လိုမဟုတ်ရပါဘူးဝမ်ရယ် ကိုယ်တော် မောင်မင်းကို မြတ်မြတ်နိုးနိုးနဲ့ကိုမေတ္တာရှိတာပါ"

"ကျွန်တော်ချစ်တဲ့လူကဘုရင်တစ်ပါးပဲလေ မောင်းမများတာ အရှုပ်အရှင်းမကင်းတာအတွက်ကျွန်တော်စိတ်မကောင်းဖြစ်ခွင့်မရှိဘူးမလား"

"ဝမ်.......ကိုယ်တော်"

"ထွက်သွားပေး"

"ဟင်!!!!!"

"ကျွန်တော်တစ်ယောက်ထဲနေချင်တာမို့ထွက်သွားပေးပါမင်းကြီးရယ်ကျွန်တော်တောင်းပန်ပါတယ်"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now