ဒုတ္တိယံပိ (ဒုတၱိယံပိ)

1.5K 122 6
                                    

"မင်းကြီးကြွချီလာပါပြီ"

"မင်းကြီး..... ကျွန်တော်မျိုးမဆီ​ကြွလာ​​​လို့ကျေးဇူးတင်ပါတယ်.....ကျွန်မတို့"

"ကိုယ်တော်တို့အတူသောက်ကြတာပေါ့"

"ရှင်!!!အ...အခုလား"

"အင်း"

ရှောင်းကျန့်အသံဟာခပ်ပြတ်ပြတ်ပါပဲ ။စိတ်မရှည်တတ်တဲ့အကျင့်ရှိသူမို့အရစ်ရှည်နေရင်သိပ်မုန်းသည် ။အခုလဲ ဒေဝီမိဖုရား ချန်းယွိဟာသိပ်လျှာရှည်တဲ့အမျိုးသမီးပါလေ။သောက်မယ်ဆိုသောက်မယ်ပေါ့ အခုလားတွေ တော်ကြာမှလားတွေလာမေးနေသေးတယ်။

တခဏအကြာမှာရောက်လာတဲ့သရေအိုးနဲ့အခြားစားစရာတွေ

"မင်းကြီး အရမ်းသောက်လို့သင့်ပါ့မလား....ဒါကဟို....."

"ဖြစ်တယ်"

ပြောရင်းဆိုရင်းပင်သရေခွက်အားတစ်ကျိုက်ထဲမော့သောက်လိုက်သူကြောင့် ချန်းယွိမျက်လုံးပြူးသွားရသည်။မင်းကြီးတစ်ကယ်အကုန်သောက်ဖို့ကြံနေတာလား။

"ကိုယ်တော့ကို ပြောစရာရှိလို့လား"

"ဟို....."

"ပြောစရာရှိတာပြောပါ"

"ဘာမှ မဟုတ်ပါဘူး ဒီတစ်ညတော့ကျွန်မနဲ့အတူရှိပေးမယ်မလားဟင်"

"အင်းးးးးအခြေနေအရပေါ့"

********

"သခင်လေး ဆေးသောက်လို့ရပြီ"

"မုန့်ယောင် ငါဆေးမသောက်လဲ ဖြစ်တယ်လို့"

"ဟာ သခင်လေးကလဲ မရပါဘူးတော်ကြာအနာရှိန်နဲ့ဖျားးးးး"

"မုန့်ယောင်ငါမင်းကိုသတ်မိတော့မယ်"

မျက်နှာကြီးနီရဲကာနီးရာပစ္စည်းတွေနဲ့ကောက်ပေါက်နေတဲ့သခင်လေးကြောင့် မုန့်ယောင်မှာငိုရခက်ရယ်ရခက်။ဒီသခင်လေးကသိပ်အရှက်သဲတာပဲ။

"နောက်မပြောတော့ပါဘူးသခင်လေးရယ် မပြောစေချင်ရင်ဆေးသောက်ပေါ့လို့"

"မုန့်ယောင်ငါ့ကိုခြိမ်းခြောက်နေတာလား"

"မဟုတ်ပါဘူး....ဆေးတိုက်တာပါဆို"

"သွား....မသောက်ဘူးကွာ"

"သခင်လေးကလဲမသောက်ရင်ပိုဆိုးမှာပေါ့လို့"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now