ကိုယ်လုပ်တော်ဝမ်(ကိုယ္လုပ္ေတာ္ဝမ္)

1.4K 118 14
                                    

"ရပ်ကြစမ်း!"

"မင်းကြီးကိုဂါရဝပြုပါတယ်"

ရွှမ်းလုရဲ့ရဲ့အသံကြည်အေးအေးကိုရှောင်းကျန့်အသိမှတ်ပြုသလိုခေါင်းတစ်ချက်ငြိမ့်ရင်းခြေလှမ်းတွေကတော့ ဝမ်ရိပေါ်ဆိုတဲ့အမျိုးသားစီ

"မောင်မင်း!!ကိုယ်တော့်အပါးခစားရမယ်"

"မင်းကြီး....ဒါက...."

"စည်းကမ်းနဲ့မညီဘူးလို့ပြောဖို့ဆိုရင်တော့ မောင်မင်းတို့နှုတ်ဆိတ်နေလိုက်"

"ကျွန်တော်ပြိုင်ပွဲမှာ.....ရှုံးနိမ့်ခဲ့တယ်လေ မင်းကြီး"

"ကိုယ်တော့အမိန့်ကို အာမခံချင်စမ်းနဲ့ ဒီနေ့ကစပြီးမောင်းမင်းက ကိုယ်တော့ရဲ့ကိုယ်လုပ်တော်ပဲ"

ဘုရားရေ.....ကိုယ်လုပ်တော်တဲ့လား.....မင်းကြီးကရက်ဆက်လှချည်လား..... ဘယ်မလဲဝမ်အိမ်ရဲ့သိခ္ခါ ဘယ်မလဲ ဝမ်အိမ်ရဲ့အရှက် တစ်ပြားမှမကျန်တော့ဘူး တစ်ခုမှမရှိတော့ဘူး......

"ကျွန်တော်.... "

"ပြိုင်ပွဲသိမ်းမယ် နောက်ရက်တွေမှာကျန်ခဲ့တဲ့မိဖုရားလေးပါးကိုအရည်ချင်းအလိုက်မိဖုရားမြှောက်မှာဖို့စစ်​ဆေးပါ ဒီကောင်လေး ကတော့ ကိုယ်တော့ရဲ့ကိုယ်လုပ်တော်ပဲ"

"အမိန့်တော်အတိုင်းပါ"

ကျိုးချန်ရဲ့ခပ်စူးစူးအသံထွက်လာလေမှအားလုံဘာမှအထွဋ်မတတ်တော့ပဲ ငြိမ်ခံလိုက်ရသည်။ဒီမင်းကြီးဘာကြောင့်ဒီလောက်ထိစိတ်ဆတ်ရတာဘာလဲ။

************

"အားးးးးးး ရှောင်းကျန့်! ရှောင်းကျန့် အပစ်မဲ့တဲ့ကလေးကိုမထိဖို့ငါတောင်းပန်ခဲ့ရက်နဲ့ဟားးးး"

"အားချင်!မင်းကြီးကိုမရိုမသေခေါ်ဝေါ်နေတာ မကြောက်ဘူးလား"

"ဘာကိုကြောက်ရမှာလဲ ငါဘုရင် ငါအရှင် ငါ့လက်ထဲမှာအာဏာရှိတဲ့ဆိုပြီးလုပ်ချင်တိုင်းလုပ်နေတဲ့ကောင်ကိုကြောက်ရမှာလား"

"အားချင် လေးလေးစားစားဆက်ဆံပါ ဝမ်အိမ်တော်က ဟိုးးးအရင်မင်းဆက်အဆက်ဆက်ကတည်းက သစ္စာခံလာတာလေ"

"အို.....ကိုယ့်ဘက်ကသစ္စာခံလတာကိုမှမထောက်အာဏာကိုအသုံးချပြီးအိမ်တော်ရဲ့သိခ္ခါကိုဆုံးဆုံးမြုပ်အောင်လုပ်တာဘယ်သူလဲ အရင်မင်းဆက်မှာသစ္စာခံပေမဲ့ ဒီမင်းဆက်ကိုတော်လှန်တော့ရော ဘာအရေးလဲ"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများOnde histórias criam vida. Descubra agora