1.3K 104 11
မနက်ခင်းနေရောင်နွေးနွေးသည် အိပ်စက်နေသူမျက်နှာထက်ဖြာကျလျှက်။အခန်းတွင်းအပူချိန်မှာ သိပ်မရှိသော်ငြား ဝမ်ရိပေါ်တစ်ယောက်ကတော့ မျက်နှာတွေရော နားရွက်ဖျားတွေပါနီစုပ်နေအောင်ထိပူလောင်နေသည်။ အကြောင်းမှာ အဝတ်အစားလဲနှင့်ပြီးသားကိုယ်ကြောင့်လား.....သို့မဟုတ်ဟုတ် ခပ်သင်းသင်းရနေတဲ့ဆေးနံံ့ကြောင့်လား ထိုသို့မဟုတ်ပါလျှင် သူ့မျက်လုံးရှေ့တည့်တည့်က အဝတ်ဗလာနဲ့ရင်အုပ်ခပ်ကျယ်ကျယ်ကြောင့်လား။
ရိပေါ် အိပ်ရာမှနိုးနေသော်ငြားမထပဲ ရှေ့ကအမျိုးသားကိုတစ်ဝကြီးကြည့်နေမိသည်။မျက်ခုံးနက်နက်တို့မှာယခုပင် ထပျံသန်းတော့မည့်စင်ယော်များအလား။နှာတံခပ်မြင့်မြင်ရယ် နှုတ်ခမ်းပါးပါးလေးရယ် ထို့နောက်နှုတ်ခမ်းအောက်မှဲ့လေးရယ်။ရိပေါ်အိပ်ပျော်နေသူ၏မျက်ဝန်းအနားလက်ဝှေ့ရမ်းကြည့်လိုက်သည်။တစ်ချက်ကလေးမှပင်လှုပ်မလာ သေချာသည် မင်းကြီးနှစ်ခြိုက်စွာအိပ်ပျော်နေပြီ။
ရိပေါ်မင်းကြီးအိပ်နေကြောင်းသေချာကာမှ မင်းကြီးရဲ့နှုတ်ခမ်းအောက်ကမှဲ့နက်နက်လေးသို့အနမ်းတစ်ပွင့်ချွေချလိုက်သည်။
"ဒီမှဲ့က သိပ်သွေးဆောင်ဖြားယောင်တတ်တာပဲ"
မကျေနပ်စွားခပ်ဆူဆူလေးပြောမိပြီးတော့မှအိပ်ပျော်နေသူများကြားသွားမလားဆိုတဲ့အသိနဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်မိသေးသည်။မျက်နှာသစ်ပြီး အဝတ်လဲရန် အိပ်ရာမှထသွားဖို့ပြင်ရဦးမည်။တစ်ဖက်ကအိပ်နေသူမနိုးရအောင် အသာလေးထထွက်ဖို့ပြင်ပေမဲ့ အနည်းငယ်အောင့်သက်သွားသောခါးကြောင့်မျက်နှာချောချောလေးရှုံံ့မဲ့သွားရသည်။
"အဟင့်!!"
"ကျစ်!!!!ညကဆေးထည့်ပေးထားတာတောင်နာနေတုန်းလား"
"ဟင်!!!!မင်း....မင်းကြီးကျွန်တော့်ကြောင့်နိုးသွားတာလား....."
"မောင်မင်းကိုယ်တော့ကိုခိုးနမ်းနေကတည်းကနိုးတာ"
"ဗျာ!!!!!"
ရိပေါ်လန့်ကာအော်မိတော့ရှေ့က အမျိုးသားကညရှေ့သွားခပ်ကြီးကြီးတွေပေါ်အောင်ထိရယ်ပြန်သည်။
ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now