မင်းကြီးကနူးညံံ့တတ်တယ်🔞🔞(မင်းကြီးကနူးညံ့တတ်တယ်)

2.1K 118 14
                                    

"မင်းကြီးကြွချီလာပါပြီ"

"ဟင်! !!!ခရီးကပြန်ရောက်တာမကြာသေးဘူးမလား ကျွန်တော်တို့ကိုအပြစ်ပေးဖို့ရောက်လာတာတော့မဟုတ်လောက်ပါဘူးနော်"

"အားယောင် မင်းမလဲ မင်းကြီးလို့ပြောလိုက်ရုံနဲ့သေအောင်ကြောက်နေတယ်"

"မင်းကြီးကိုဂါရဝပြုပါတယ်"

မိမိစကားဆုံးတာနဲ့ချက်ချင်းကြီးဒူးထောက်ခါဂါရဝပြုလိုက်သူကြောင့်ရိပေါ်ပင်ကြောင်အမ်သွားရသည်။

"မောင်မင်းကိုယ်တော့်ကိုဘယ်ချိန်ထိကြည့်မှာလဲ"

"အာ......မင်းကြီးကိုဂါရဝပြုပါတယ်"

"အားယောင် စားဖိုဆောင်သွားပြီး စားဖို့တစ်ခုခုယူခဲ့"

"ဟုတ်...ဟုတ်ကဲ့"

"မောင်မင်းကိုယ်တော်နဲ့လိုက်ခဲ့......ဪ အားယောင် ငါနွားနိုးသောက်ချင်တယ်"

"ဗျ...ဗျာ ဟုတ်ကဲ့ယူခဲ့ပါ့မယ်မင်းကြီး"

"အင်း.....မောင်မင်းကိုကိုယ်တော်နဲ့လိုက်ခဲ့ဖို့ပြောနေတယ်လေ ဝမ်ရိပေါ် "

"ဟင်!!!ဟုတ်ကဲ့"

မင်းကြီး ရိပေါ်ရဲ့လက်တစ်ဖက်ကိုဆွဲကိုင်သွားပြီး ဦးတည်ရာတို့က အိပ်ဆောင်ဘေးမှစားပွဲလေးဆီသို့

"ဟို....မင်းကြီး "

"အင်းပြော"

"ဒီကိုဘာလို့ဆွဲခေါ်လာတာလဲ"

"ဒီမှာမောင်မင်းအတွက်"

"ဟမ်!!!ဆံထိုးလား "

"အင်း ခရီးသွားရင်လမ်းမှာတွေ့လို့ဝယ်လာတာ တန်ဖိုးမကြီးဘူး လှတယ် မောင်မင်းနဲ့လိုက်မယ်ထင်လို့"

"ဗျာ!!!"

"ကိုယ်တော် လုပ်ပေးမယ်"

"ဟို...ရ.."

"မောင်မင်းဆံပင်တွေရှုပ်နေတယ်"

"အစောကအပြင်မှာထိုင်နေတာ လေ တိုက်တော့ ထွေးသွားပုံပဲ နောက်ပြီးခေါင်လဲမလျှော်ထားတာကြောင့်"

"အင်း လှသွားပြီ"

"ဗျာ"

"မောင်မင်းကဒီဆံထိုးနဲ့တစ်ကယ်လိုက်တာပဲ ရိုးရှင်းပြီးလှတယ်"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now