1.2K 109 12
""မင်းကြီးအခေါ်တော်ရှိပါသလား
"အင်း အမတ်ချုပ်ကြီးထိုင်ပါဦး"
အမတ်ချုပ်လျှုသည် မင်းကြီးကို ဂါရဝပြုရင်း မင်ကြီးနှင်းအနည်းကွာဝေးသောခုံနိမ့်တစ်ခုတွင်ဝင်ထိုင်လိုက်သည်။
"အမတ်ချုပ်လျှို....အို မဟုတ်ပါဘူး နှစ်ယောက်ထဲရှိချိန်တော့ ယောက္ခမလို့ခေါ်ရမယ်မဟုတ်လား"
"မမျှော်လင့်ဝံံ့ပါဘူး"
"ဘာကိုမမျှော်လင့်ဝံံ့ရမလဲ ထိပ်ထားမိဖုရားက အမတ်ကြီးရဲ့သမီးဆိုတော့ အမတ်ကြီးက ကိုယ်တော့ယောက္ခမပဲမဟုတ်ပေဘူးလား"
"ဒါတော့...."
"ယောက္ခမ သမက်တော် မေးပါရစေဦး နန်းတွင်းမှာအမတ်တွေကစည်းလုံးမှုမရှိဘူးဆိုတာတစ်ကယ်ပဲလား"
"ဒါ....ဒါက"
"စိတ်ချပါအမှန်တိုင်းပဲပြောပေးပါ ဒီသမက်ယောက္ခမကိုဒုက္ခရောက်စေမှာမဟုတ်ပါဘူး"
"ဒါက....သဘောထားမတိုက်ဆိုင်မှုတွေကြောင့် အုပ်စုကွဲနေတာပါမင်းကြီး"
"ကိုယ်တော်ကြားသလောက်တော့ ပြည်တွင်းရေးအမတ်က အဆိုးဆုံးပဲဆိုပဲ"
"ဒါတော့ဟုတ်တယ် မင်းကြီးနန်းတတ်ပြီးနောက်ပိုင်း ပြည်တွင်းရေးအမတ်ကအရင်ကလောက်ချောင်ချောင်လည်လည်မရှိတော့ဘူး သူ့နေရာအတွက်မျက်ခုံးလှုပ်နေရတယ်
ဒါကြောင့်...."
"ထကြွသူတွေက ပြည်တွင်းရေးအမတ်ရဲ့လက်ချက်လို့တီးတိုးပြောသံတွေလဲ ကြားနေရတယ် ကိုယ်တော်ကတော့ ကိုယ့်အမတ်ကိုယုံချင်ပေမဲ့ အများကပြောနေကြတော့ တစ်ကယ်ယုံကြည်အားထားရတဲ့ ယောက္ခမလဲ ဖြစ် အမတ်ချုပ်ကြီးလဲဖစ်တဲ့ ယောက္ခမကြီးကိုပဲ အပူကပ်ရတာ"
"ကျွန်တော်လဲ ဒီလိုပဲရိပ်စားမိတယ် ပြည်တွင်းရေးအမတ် ခုတလော အမြဲလိုလိုအလုပ်ရှုပ်လိုက် ခရီးထွက်လိုက်နဲ့ဆိုတော့....."
"ထင်တဲ့အတိုင်းပဲထင်ပါတယ် အဖေ...."
"ဗျ....ဗျာ...."
ရှောင်းကျန့်အခေါ်အဝေါ်ကြောင့်အမတ်ချုပ်ကြီးကြောင်အသွားရသည်။ဘယ့်နှယ်တွေတုန်း ရောက်တာပင် ၁နာရီမပြည့်သေ အမတ်ချုပ်ကြီးခေါ်လိုက် ယောက္ခမခေါ်လိုက် အခုတော့အဖေလို့ပါခေါ်ပြန်ပြီ ဒီမင်းကြီး လျှိုအဖိုးကြီးကိုနှလုံးရောဂါရစေချင်နေပုံပဲ။
ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now