အကျင့်မကောင်းတဲ့မင်းကြီး(အက်င့္မေကာင္းတဲ့မင္းႀကီး)

1.7K 142 6
                                    


"မင်းကြီး တမင်လုပ်တာမလား"

"အဲ့တော့ မောင်မင်းဘာလုပ်ချင်လဲ"

"ဘာတွေလိုသေးလို့လဲ ဝမ်အိမ်တော်ရဲ့သားက ကိုယ်လုပ်တော်ပါဆိုပြီးအများလက်ညှိုးထိုးစရာဖြစ်နေပြီ ယောကျာ်းတစ်ယောက်ဖြစ်ပါရက်နဲ့ယောကျာ်းတစ်ယောက်လက်ထဲမှာပဲ တစ်သက်လုံးရှိလာခဲ့တဲ့လူပျိုရည် ပျက်ရပြီ အမတစ်ယောက်အနေနဲ့သူ့မောင်ငယ် ကိုအခြားယောကျာ်းနဲ့ တွဲ ပြီးမမြင်သင့်တဲ့မြင်ကွင်းကိုမြင်ခဲ့ရပြီးပြီးကျေနပ်ပါတော့"

"ကျစ်!!!မနက်စောစော ကျက်သရေမရှိဘူး"

"ကျေသရေမရှိတဲ့အသံ ကျက်သရေမရှိတဲ့မျက်နှာကိုမမြင်ချင်ရင် လွှတ်လိုက်ပါတော့လား"

"ကိုယ်တော့်ကိုလာအမိန့်ပေးမနေနဲ့မောင်မင်း ကိုယ်တော်မောင်မင်းကို တစ်ခုခုလုပ်မိလိမ့်မယ်"

"မင်းကြီးသတ်လဲသေရမှာပဲ သတ်ချင်ရင်သတ်လိုက်စမ်းပါ"

"သေချင်တယ်ပေါ့....ဟုတ်ပြီလေ"

"အွန့်....."

ရုတ်တရက်နှုတ်ခမ်းပေါ်ရောက်လာတဲ့ ပြင်းရှရှအနမ်းတွေကြောင့် ရိပေါ်အသက်ရှုရပင်ခက်လာသည်။ မောပမ်းလာပြီမို့ ရှောင်းကျန့်ရင်ဘက်ကိုလက်နဲ့တစ်ဘုန်းဘုန်းထုရိုက်နေလဲ ဟိုကဖြင့်မမှု

"ဟက်!!!သက်လုံမကောင်းဘူးပဲ"

"ဟင်းးးးး ကျွန်တော်ကလူနော် ကစားစရာမဟုတ်ဘူး"

"မောင်မင်းမှတ်ထား မောင်မင်းသေချင်ရင်သေလို့ရတယ် ကိုယ်တော် လုပ်သတ်ပစ်မှာ"

"......."

ဒီမင်းကြီးဟာလေ ရိပေါ်မနက်စောစောငိုတော့ ကျက်သရေမရှိဘူးတဲ့ အခုသူပြောနေတာကရော ဘယ်နားမှာကျက်သရေရှိနေလို့လဲ။ဒီမင်းကြီးဟာလေ အရှက်ကိုမရှိဘူး။

"ငိုလို့ပြီးပြီလား ဘာလဲ ညကအောက်ကနေ ငြီးလိုက်ရလို့ကိုယ့်ကိုယ်ကိုယ်မိန်းမလို့ထင်သွားတာလား...ဟမ်!!ယောကျာ်းမပီသလိုက်တာ"

"ကျွန်တော်ဟာယောကျာ်းတစ်ယောက်မှန်းကျွန်တော်သိတယ်.....မင်းကြီးပြောစရာမလို.......ကျွန်တော်တောင်းပန်ပါတယ် ခဏပဲ ဖြစ်ဖြစ် ခဏလေးပဲ ဖြစ်ဖြစ် ကျွန်တော့်ကို လွှတ်ထားပေးနိုင်မလား"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများTempat cerita menjadi hidup. Temukan sekarang