ရောဂါရှာဖွေခြင်း

921 69 12
                                    

အိပ်ယာထက်မှာနှစ်ခြိုက်စွာအိပ်ပျော်နေသောကောင်လေး၏မျက်နှာခေါချောသည်သွေးမရှိတော့သည့်နှယ်ဖြူဖျော့နေသည်။ရှောင်းမင်းကြီးပါးပေါ်စီးကျလာတဲ့မျက်ရည်တွေကိုလက်ခုံနဲ့ဖြစ်သလိုသုပ်ပစ်လိုက်သည်။ကြောက်လန့်တစ်ကြား အော်ဟစ်နေတဲ့ကြာနာသူလေးရဲ့ပုံရိပ်ကိုပြန်မြင်ရောင်မိတော့ နှလုံးသားတစ်ခုလုံးဆွဲထုတ်ခံလိုက်ရသည့်နှယ်။ရှောင်းမင်းကြီးတိုင်းရေးပြည်ရာများကိုခဏပစ်ထားကာ ချစ်ရသူဘေးနားငုတ်တုတ်ထိုင်စောင့်နေသည်မှာ ၃ရက်မြောက်ပြီဖြစ်သည်။နိုးထလာတိုင်ကိုယ့်နမည်ကိုတမ်းတ ကာကြောက်လန့်တစ်ကြား အော်ဟစ်ရင်းရှိုက်ငိုတတ်သည့်ကောင်လေးကိုနှစ်သိမ့်ရင်းမှ တိတ်တစ်ဆိတ်မျက်ရည်ကျရသူမှာလည်းရှောင်းကျန့်ကိုယ်တိုင်ပင်ဖြစ်သည်။

"အစ်မတော်နဲ့ကျိုးချန်ကဘယ်နေ့ရောက်လာမလဲမသိဘူး"

"ဖြစ်နိုင်ရင်မြန်မြန်ရောက်စေချင်ပြီ သူခံစားနေတာမကြည့်ရက်တော့ဘူးဟွိုက်ခွမ်း....ငါ...ငါအဆင်ပြေမနေဘူးကွာ"

"စစ်သူကြီးတွေ့ခွင့်တောင်းနေတယ်....ငါတွေ့ခွင့်ပေးလိုက်သင့်လား ဝမ်မိန်းကလေးလဲပါတယ်"

"ဝင်ခိုင်းလိုက်ပါ....."

"ရှောင်းကျန့်.....မင်းသူ့ကိုချစ်မှန်းငါတို့သိပါတယ် ဒါပေမဲ့.... မင်းကိုမင်းတော့ဂရုစိုက်ပါဦးကွာ.....မင်းလဲသွားလို့မရဘူးရှောင်းကျန့် မင်းလဲသွားတာနဲ့ဟန်နိုင်ငံတော်ကြီးကတောင့်ခံနိုင်မှာမဟုတ်ဘူး"

"ငါနားလည်ပါတယ်....အကိုကြီးတို့ကိုလွှတ်လိုက်"

ဟွိုက်ခွမ်းသူ့ဘေးနားကဖြည်းဖြည်းချင်းထွက်သွားသည်။ရှောင်းကျန့်နေရာမှာမှိုင်နေဆဲ ဖြစ်သည်။အနီရင့်ရောင်ဝတ်စုံပေါ်မှာ ရွှေရောင်အနားကွပ်တွေပါသည် အနက်ရောင်ပိုးသားဝတ်ရုံကိုလွှမ်းထားခါတံခါးကိုကျောပေးလျှက်ထိုင်နေသည့် သူ့ပုံစံသည် အနောက်မှကြည့်လျှင်ခန့်ညားနေမည်ဖြစ်သော်လည်း မျက်နှာရှေ့တည့်တည့်မှလာကြည့်ပါက နှုတ်ခမ်းမွှေးစိမ်းစိမ်းပါးသိုင်းမွှေးရေးရေးနှင့် ညှိုးနွမ်းနေတဲ့မျက်နှာ အရောင်မှိုင်းနေတဲ့မျက်ဝန်းညိုညိုတွေနှင့် ပူပန်စရာရုပ်မျိုးကိုသာမြင်ရမည်ဖြစ်သည်။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများOù les histoires vivent. Découvrez maintenant