အနောက်ဆောင်ရဲ့အားပြိုင်မှု(1)

1.6K 112 16
                                    

ဝမ်ရိပေါ်အိပ်ယာနိုးတော့ ကျယ်ပြန့်တဲ့ရင်ခွင်းကြီးတစ်ခုကိုချက်ချင်းတွေ့လိုက်ရသည်။ ထို့နောက် ထိုရင်ဘက်ကျယ်ကျယ်ကြီးထဲမှအကွင်းလိုက်ဖြစ်နေသောသွားရာ။သူတို့ညက....

"နိုးပြီလား"

"မင်း.....မင်းကြီး"

"ဘာလဲ.....ဘာကိုလန့်နေတာလဲ ကိုယ်တော်ကသရဲနဲ့တူလို့လား"

"ညီလာခံမသွားဘူးလား"

"ဒီချိန်မှညီလာခံထလုပ်ရအောင် ကိုယ်တော်ဦးနှောက်မပျက်သေးဘူးမောင်မင်း"

ဟုတ်သည်လေ ယခုအချိန်ကနေမွန်းတည့်လုပြီ။ခုမှညီလာခံထလုပ်ရင် အမတ်အိုကြီးတွေရဲ့ စိတ်ပျက်စရာညည်းညူသံတွေကြားရဦးမည်။သူကြားချင်တဲ့ညည်းသံက တစ်ခြားတစ်ခုလေ။

"မထသေးဘူးလား ကိုယ်တော့လက်မောင်အတော်ညောင်းနေပြီ"

"အာ....ထ...ထပြီ....အ့"

"ခါးကအဆင်မပြေဘူးလား......ဒါဖြစ်ရင် ပြန်လှဲနေလိုက်....."

ရိပေါ်ရှောင်းမင်းကြီးကိုမျက်ဆောင်းထိုးလိုက်သည်။ တစ်ကယ်ပဲညကသူပဲအသေကြမ်းပြီး။အခုတော့သူလက်ပေါ်ဆက်လှဲနေလိုက်တဲ့။သူ့အတွက်တော့ဘာမှမဖြစ်ဦးတော့ ရိပေါ်ကတော့ရှက်သည်လေ။ခဏနေ ဟိုကောင် မုန့်ယောင်လဲလာဦးမည်။သူတို့နှစ်ယောက်ပုံကအဝတ်ဗလာနဲ့....နဲ့.....

"မင်း.... မင်းကြီး"

"အာ......အဟမ်းးးးဒါကကျန်းမာသန်စွမ်းတဲ့ယောကျာ်းလေးတိုင်းရဲ့ဖြစ်နေကြပုံစံပဲ ဘာဆန်းလဲ"

"ဒါ....ဒါပေမဲ့ကျွန်တော့်ကိုထောက်နေတယ်လေ"

"စိတ်ချကိုယ်တော်မောင်မင်းကိုဘယ့်နှယ့်မှမလုပ်ဘူး အေးအေးဆေးဆေးလှဲနေလိုက် ကိုယ်တော်အိပ်ဆောင်ကိုပြန်တော့မှာ"

"ဟို.....အဆင်ပြေတယ်မလား"

"မပြေတော့မောင်မင်းက ကူမှာမလို့လား "

"ဟို...ပြန်....ပြန်တော့လေ"

"အဟင်းးးး"

မင်းကြီးရဲ့ခနဲ့တဲ့တဲ့ရယ်သံကြောင့်ရိပေါ်ရဲ့ခေါင်းလေးဆောင်ထဲဝင်လုမတတ်ဖြစ်သွားရသည်။ဒီမင်းကြီးအတော်ညစ်ပတ်တာ။

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWo Geschichten leben. Entdecke jetzt