အချစ်ဦးကိုမမေ့ပါသော(အခ်စ္ဦးကိုမေမ့ပါေသာ)

1.2K 104 16
                                    

"သခင်လေးပြန်လာပြီ သခင်လေးပြန်လာပြီ"

တံခါးစောင့်ရဲ့အော်သံကျယ်ကျယ်ကြောင့်အိမ်အတွင်းမှလူအချို့ပြေးထွက်လာကြသည်။ဟုတ်သည်။သူတို့ရဲ့သခင်လေးပြန်လာခဲ့ပြီဖြစ်သည်။သို့သော်တစ်ယောက်ထဲမဟုတ်။ထွက်သွားစကလို လူအများကြီးနှင့်လည်းမဟုတ်။ သုံးယောက်သာရောက်လာခြင်းဖြစ်သည်။

"အားချင်ကျဲရော"

"သခင်မလေးရှိပါတယ်သခင်လေး"

" ကျွန်တော်သွာတွေ့လိုက် ဟို မင်း....အဲ ကိုကိုရောလိုက်မှာလား"

"ကိုယ်နေခဲ့မယ် ဝမ်လေးပဲသွားတွေ့လိုက်ပါဧည့်ဆောင်မှာစောင့်နေမယ်"

"ခဏစောင့်နော်.....ဧည့်သည်တွေကိုဧည့်ဆောင်ပို့ပေးလိုက်ပါ"

"ဟုတ်ကဲ့သခင်လေး"

*******

"ကျဲ"

"ဝမ်လေး အိမ်ပြန်လာတယ် နန်းတော်ကထွက်ပြေးလာတာလား"

"ဟာ....ကျဲကလဲ မင်းကြီးလိုက်ပို့တာပါ"

"မင်းကြီး!!!!သူကဘာစိတ်ကူးနဲ့လိုက်ပို့တာလဲ"

"အပြင်ခဏသွားရင်း လိုက်ပို့တာပါ"

"သူမောင်လေးကိုအနိုင်ကျင့်လားဟင် သူနှိပ်စက်ရင်မခံနဲ့ ကျဲစီပြန်လာနော်"

"မင်းကြီးက အနိုင်မကျင့်ပါဘူး သဘောကောင်းပါတယ်"

"ဟင်းးးးး ရှောင်းကျန့်စိတ်ကိုကျဲအသိဆုံးပဲ ရိပေါ် ကလေးလေး ပင်ပန်းတယ်ဆိုရင်သီးခံစရာမလိုဘူးသိလား"

"ဟုတ်ကျဲ"

"ခုသူရော"

"ဧည့်ဆောင်မှာကျန်ခဲ့တယ် ကျဲသွားတွေ့မလားဟင်"

"တွေ့စေချင်လို့လား"

"မိသားစုတွေပဲဆိုတော့.....ပြေပြေလည်လည်ရှိစေချင်တယ်"

"ဟုတ်ပြီ ကလေးကတွေ့စေချင်ရင်ကျဲကတွေ့မှာပေါ့ ရန်မဖြစ်ပါဘူးလို့တော့အာမ မခံဘူးနော်"

"မင်းကြီးအကြောင်းကျဲအသိဆုံးဖြစ်ပါလိမ့်မယ် ကျဲက သည်းခံပေးပါနော်"

"ငါ့မောင်လေး ဒီမင်းကြီးအပေါ်စိတ်ရှိနေပုံပဲ"

"ကျဲကလည်းဗျာ"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများOnde histórias criam vida. Descubra agora