"ဟုတ်ကဲ့" မော့ဘိုင်က ကျင်းစဘေးမှ ဖြတ်သွားသောအခါ တည်ငြိမ်သောအကြည့်ပေးကာ ချက်ခြင်းထွက်လာခဲ့သည်။

  လို့ရှီးဝူက လေထဲမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်လို တုန်နေတာကို မြင်တော့ ကျင်းစက တစ်ခုခု ပြောချင်ပေမယ့် မော့ဘိုင်ရဲ့ အကြည့်ကြောင့် နောက်ဆုံးတော့ ပြန်မျိုချလိုက်သည်။

  ခန်းမကြီးက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

  နာရီဝက်လောက်ကြာတော့ လို့ရှီးဝူက သည်းမခံနိုင်တော့ဘူး။ သူမကို သူ ကျေနပ်သလောက် ရိုက်တာ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းတာကို ခံနိုင်တယ်။ ဒီလိုမျိုး ထပ်ပြီး မခံစားချင်တော့ဘူး။ လို့ရှီးဝူက ခေါင်းကို မြှောက်လိုက်ပြီး ပါးစပ်ကို ဖွင့်လိုက်ကာ "အစ်ကို..."

  ကံမကောင်းစွာနဲ့ သူမ စကားတစ်ခွန်းတည်းပြောပြီးနောက် လို့ရှီးယန်က ရုတ်တရက် အသံထွက်လာပြီး "လာကြ၊ သခင်မလေးကို အနားယူဖို့ သူ့(မ)အခန်းထဲပြန်သွားနိုင်အောင် ကူညီပေးလိုက်။ ငါ့အမိန့်မပါဘဲ သူ့ကို အခန်းထဲကနေ ထွက်ခွင့်မပေးဘူး!"

  ကိုယ်ရံတော်များက ဝင်လာပြီး လို့ရှီးဝူနောက်မှာ ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လို့ရှီးဝူကို ထွက်သွားရန် တွန်းအားပေးနေသည်။

  "အစ်ကို!! အစ်ကို ကျွန်မကို ဒီလို ပိတ်လှောင်မထားလို့ မရဘူးဘူး?!" လို့ရှီးဝူက သတိပြန်ဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ကံမကောင်းစွာနဲ့ပဲ လို့ရှီးယန်က သူမကို အစကနေ အဆုံးအထိ လှည့်တောင် မကြည့်ခဲ့ဘူး။

  လို့ရှီးယန်က လူအများရှေ့တွင် အမြဲတည်ငြိမ်နေပြီး ဒေါသအရိပ်အယောင်မပြသော်လည်း ကျင်းစက သူ အလွန်ဒေါသထွက်နေမှန်း သိထားပြီးဖြစ်သည်။ ကျင်းစက ရှေ့ကို တိုးလာပြီး "သခင်၊ ဒီအဖြစ်အပျက်က ဒီလက်အောက်ငယ်သားကြောင့်ဖြစ်ပြီး သခင်မလေးနဲ့ ဘာမှ မဆိုင်ပါဘူး၊ ဒီလက်အောက်ငယ်သားကို အပြစ်ပေးပါ..."

  လို့ရှီးယန်က သူပြောနေတဲ့စကားကို ရပ်တန့်ဖို့ သူ့လက်ကို ညင်သာစွာ မြှောက်ကာ အချက်ပြလိုက်ပြီး "ငါ့မှာ ကိုယ်ပိုင်ဉာဏ်ရှိတယ်။ မင်း ထွက်သွားပြီး အနားယူလို့ရတယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Waar verhalen tot leven komen. Ontdek het nu