Chapter - 48

913 121 6
                                    

Unicode

၁၇၂၂။ အလကားမေးခွန်းတစ်ခုပဲကျန်တော့တယ်

နဉ်ရှုက စကားပြောစနစ်ကိုပိတ်ကာ သူမရဲ့ပြိုင်ဘက်ကင်းသိုင်းပညာကျမ်းကိုယူလိုက်သည်။ ဒီစာအုပ်ကို ကမ္ဘာအဖြစ်ပြောင်းလဲဖို့ သူမ ဘာလုပ်ရမလဲ?

သူမ သူမရဲ့ကိုယ်ပိုင်ကမ္ဘာကို တကယ်လိုချင်တယ်။

နဉ်ရှု စာအုပ်ကိုပိတ်လိုက်ကာ ငွေရောင်ဆံပင်နဲ့လူက သူမကို မေးခွန်းသုံးခုဖြေပေးရဦးမှာသတိရသွားသည်။

ငွေရောင်ဆံပင်နဲ့လူက အတော်လေးဗဟုသုတနှံ့စပ်တယ်။

နဉ်ရှုက ကျမ်းစာအုပ်ကိုယူကာ ၂၃၃၃ကိုပြောသည်။

"ပုံရိပ်ယောင်နယ်မြေကိုသွားရအောင်။"

"အေးပါ။"

ခဏလောက်မူးဝေသွားပြီးနောက်မှာ သူမ အပြာရောင်ကျောက်ခင်းလမ်းထက်မှာရပ်နေခဲ့ချေပြီ။ သူမက ပြိုင်ဘက်ကင်းသိုင်းပညာကျမ်းကိုကိုင်ကာ အကြံပေးခန်းဆီဦးတည်သည်။

အကြံပေးခန်းထဲဝင်လိုက်တာနဲ့ သင်းပျံ့ကြိုင်လှိုင်တဲ့နံ့သာနံ့ကိုရလိုက်သည်။ ဒါက သူမရဲ့ခေါင်းကိုကြည်လင်သွားစေပြီး မကောင်းတဲ့စိတ်ခံစားချက်တွေအားလုံး တဖြည်းဖြည်းပျောက်ကွယ်သွားစေကာ သူမရဲ့စိတ်က ပေါ့ပေါ့ပါးပါးရှိလာသည်။

နဉ်ရှုတစ်ယောက် မွှေးရနံ့ကို အသည်းအသန်ရှူမိရသည်။

ငွေရောင်ဆံပင်နဲ့လူက အတွင်းခန်းထဲကနေထွင်လာပြီး နဉ်ရှုကိုတွေ့သွားသည်။ သူ့မျက်နှာထက်မှာ ပြောင်းလဲမှုသိပ်မရှိ။

သူက သူ့လက်ကနေတစ်ခါမှမချတဲ့စာအုပ်ကိုကိုင်ထားကာ သူ့ရဲ့ငွေရောင်ဆံပင်ရှည်တွေကို နောက်မှာစည်းနှောင်ထားသည်။

"ဒီတစ်ခေါက် မင်း ဘာမေးချင်တာလဲ?"

ငွေရောင်ဆံပင်နဲ့လူက ထိုင်ချလိုက်သည်။ သူ့လှုပ်ရှားမှုတွေက သိမ်မွေ့ကာကြည့်ကောင်းပြီးကျက်သရေရှိသည်။

နဉ်ရှုက ကျမ်းစာအုပ်ကို စားပွဲပေါ်မှာတင်ကာမေးသည်။

"ကမ္ဘာတစ်ခုဖန်တီးဖို့ ဘာတွေလိုလဲ?"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now