Chapter - 17

808 168 2
                                    

Unicode

၁၆၉၁။ အားကြီးသူကအုပ်စိုးတယ်
_____________________

ဒီတော့မှသာ မိန်ကျီချင်းပြောတဲ့ ပထမျိုးဆက်တာဝန်ထမ်းဆောင်သူတွေက သာမန်တာဝန်ထမ်းဆောင်သူတွေရဲ့ရှင်ခြင်းသေခြင်းကို အလွယ်တကူဆုံးဖြတ်နိုင်တယ်ဆိုတဲ့စကားကို နဉ်ရှု နားလည်သွားခဲ့တာဖြစ်သည်။

သူမသာ စွမ်းအားကြီးနေခဲ့ရင်။ အဲ့လိုသာဆိုလို့ကတော့ စိတ္တဇအန်ကယ်က သူမကို သုတ်သင်ဖို့ကြိုးစားတဲ့အခါ သူမက သူ့ကို အရင်သုတ်သင်ပစ်လိုက်မယ်။

ခွန်အားမရှိရင် ဘာသိက္ခာ၊ ဘာစကားပြောခွင့်မှမရှိဘူး။

စွမ်းအားကြီးတဲ့သူက အုပ်စိုးတယ်ဆိုတာ ကြမ်းတမ်းတဲ့အမှန်တရားပဲ။

တစ်ညလုံးလေ့ကျင့်ပြီးတဲ့အခါ သူမရဲ့တန်ထျန်းထဲမှာ စွမ်းအင်အမျှင်လေးတစ်ခုဖြစ်တည်လာသည်။ သူမရဲ့ခန္ဓာကိုယ်က ပိုနွေးထွေးလာပြီး သူမ အများကြီးနေလို့ကောင်းလာသည်။

အပ်ချည်ကြိုးနဲ့လှီးဖြတ်ထားခြင်းခံရတဲ့သူမရဲ့လက်မှာတော့ အသားစတွေတွဲကျနေဆဲဖြစ်ပြီး အခု သူမရဲ့လက်က အတော်လေးယားလာကာ နီရဲ‌နေသည်။ နဉ်ရှုက အနာရောင်လာပြီးအဖျားဝင်တာကိုကာကွယ်ဖို့အတွက် အရောင်ပျောက်ဆေးတွေထပ်သောက်လိုက်သည်။

အန်ကယ်နဲ့795က အောက်ထပ်ကိုဆင်းလာသည်။ အန်ကယ့်ကိုမြင်တဲ့အခါ နဉ်ရှု ခေါင်းငုံ့လိုက်မိသည်။ သူမရဲ့မျက်လုံးထောင့်တွေကနေ သူ့ရဲ့သွယ်လျတဲ့ခြေသလုံးနဲ့မသိမသာမြောက်တက်နေတဲ့လေကာအင်္ကျီစကိုသာ နဉ်ရှုမြင်နေရသည်။

လှေကားပေါ်ကနေဆင်းလာတဲ့သူ့ခြေလှမ်းတစ်လှမ်းစီတိုင်းက သူမရဲ့နှလုံးသားကို နင်းချလိုက်သည့်နှယ်။ ဒါက အတော်လေးသည်းခံဖို့ခက်ခဲသည်။

သူမ ဒီအမျိုးသားကို ကြောက်ရွံ့သွားပြီဖြစ်၏။

နဉ်ရှုတစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်နှလုံးကြည်လင်စေတဲ့ဂါထာကိုရွတ်ရင်း သူမရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖိနှိပ်နေရသည်။ သူမ အင်အားကြီးလာတဲ့တစ်နေ့ သူ့ကို သုတ်သင်ပြီးလက်စားချေမယ်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now