Chapter - 16

958 183 5
                                    

Unicode

၁၆၉၀။ မမြင်နိုင်၊ မခံစားနိုင်
________________

ကြိုးလေးတွေက အတော်လေးသေးပေမယ့် ခိုင်ခံ့သည်။ ကျန်းကျားစန် ဒီကြိုးတွေကို ဘယ်ကရလာတာလဲဆိုတာ နဉ်ရှု သိချင်နေမိသည်။ သူသာ ဒါကို သူဝင်ခဲ့တဲ့ မူလကိုယ်ပိုင်ရှင်ဆီကနေရခဲ့တာဆိုရင် အဲ့လူကလည်း သံသယတရားခံပဲ။

ကျန်းကျားစန်က သူမကို အပ်ချည်ကြိုးသုံးပြီးတိုက်ခိုက်ခဲ့တယ်။

ကျန်းကျားစန်က အခြေအနေကိုအခွင့်ကောင်းယူပြီး သူမကိုသတ်ပြီး လက်စားချေဖို့ကြိုးစားမယ်ဆိုတာ သူမ သိသားပဲ။

အပ်ချည်ကြိုး‌တွေကို နဉ်ရှုဆွဲထုတ်နေရင်း သွေးတွေက ‌တပေါက်ပေါက်စီးကျလာသည်။ ကံကောင်းချင်တော့ တာဝန်ကမ္ဘာကိုမဝင်ခင် သူမ ဆေးတွေလဲထားပြီးပြီဖြစ်၏။

နဉ်ရှုက ဆေးမှုန့်တွေကို ဒဏ်ရာပေါ်မှာဖြူးလိုက်ပြီး ပိတ်စနဲ့စည်းလိုက်သည်။ သူမရဲ့လက်နှစ်ဖက်လုံးက ဒဏ်ရာရထားတာမို့ ပိတ်စစည်းရတာ တကယ်ခက်သည်။

ကျွီ။ ဧည့်ခန်းအနီးရှိအခန်းတံခါးပွင့်သွားကာ နံရံကိုလက်ဖြင့်စမ်းလျက် ရှောင်လန်ထွက်လာသည်။ သူမက အနံ့ခံကြည့်လိုက်ပြီးနောက်မေး၏။

"အစ်မ ဒဏ်ရာရထားတာလား?"

နဉ်ရှုက ခေါင်းငြိမ့်ပြီးပြန်ဖြေတဲ့အခါ သူမက လက်ဆန့်ကာ စားပွဲစွန်းကိုထိသည်။ သူမက ထိုင်ချလိုက်ကာမေးသည်။

"အစ်မ ဘယ်လိုလုပ်ပြီး ဒဏ်ရာရလာတာလဲ? အစ်မတစ်ယောက်တည်းလား?"

ရှောင်လန်က တစ်နေရာတည်းကိုစူးစိုက်ကြည့်နေတာကို နဉ်ရှုကြည့်နေမိသည်။ သူမရဲ့မျက်လုံးတွေက အာရုံစူးစိုက်မှုမရှိပေ။ ရှောင်လန်က သူမကိုစကားပြောနေပေမယ့် တခြားတစ်နေရာကိုကြည့်နေသည်။

"တစ်ယောက်သေသွားတယ်။"

နဉ်ရှုက ရှောင်လန့်အမူအရာကိုအကဲခတ်သည်။

ရှောင်လန်က သူမရဲ့နှုတ်ခမ်းတို့ကိုသာဖိကပ်လိုက်၏။ သူမက တည်ငြိမ်လွန်းနေတာမို့ နဉ်ရှု မနေနိုင်စွာမေးမိရတော့သည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now