Chapter - 39

662 124 0
                                    

Unicode

၁၇၁၃။ ငါ့ကိုခွင့်လွှတ်ပါကွာ

နဉ်ရှုကခေါင်းခါသည်။

"ငါတို့ တစ်ကုတင်တည်းအတူတူမအိပ်ရသေးပါဘူး။"

"အဲ့ဒါအရေးမကြီးဘူးလေ။ အရေးကြီးတာက ငါတို့ ဒီတာဝန်ကနေ အမှတ်အပိုလေးဘာလေးရဖို့ပဲ။"

၇၉၅ကပြောသည်။

၇၉၅ တကယ်ပဲမသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား နဉ်ရှု မပြောနိုင်သော်ငြား သူမ ဘယ်သူ့ကိုမှအထင်မသေးရဲချေ။ ၇၉၅က အဆင့်မြင့်တာဝန်ထမ်းဆောင်သူ။ သူ့ဆီမှာဝှက်ဖဲတချို့တလေမရှိဘူးလို့များ တစ်ယောက်ယောက်ကပြောလာရင် သူမ ယုံမိမှာမဟုတ်ဘူး။

အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်ဖို့ တာဝန်ဘယ်လောက်တောင်လုပ်ထားရမလဲ?

နဉ်ရှုက ဘာမှမပြောပေ။ အချိန်တန်ရင် သူမ ပစ္စည်းကောင်းလေးတွေရနိုင်မလား ကြည့်တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် ပစ္စည်းတွေက အန်ကယ့်ဆီမှာ။ သူမ သူ့ဆီက မလုရဲပါဘူးနော်။

သူ့ဆီကလုဖို့ကြိုးစားတာက မင်း အသက်ရှင်ရတာပင်ပန်းနေပြီဆိုတဲ့သဘောပဲ။

အဲ့အချိန်မှာပဲ ကျန်းကျားစန်က နဉ်ရှုနဲ့၇၉၅ဘက်ကိုလှည့်လာကာဆိုသည်။

"ပူးပေါင်းပြီအလုပ်လုပ်ချင်လား?"

"မလိုဘူး။"

နဉ်ရှုက တည့်တိုးပင်ငြင်းဆန်သည်။

ကျန်းကျားစန်က နဉ်ရှုကိုကြည့်လာသည်။

"မင်း စိတ်တိုနေသေးတာလား?"

"အော်ဟော်၊ ငါက ဘာလို့ စိတ်တိုလို့မရတာလဲ?"

နဉ်ရှုရဲ့မျက်နှာထက်မှာ သရော်တော်တော်အမူအရာတစ်ခုရှိနေသည်။

ကျန်းကျားစန်တစ်ယောက် ခဏလောက်ငြိမ်သွားပြီးမှပြောလာသည်။

"ခွင့်လွှတ်မှုမရှိရင် ဘဝကြီးက အဆုံးမရှိတဲ့အမုန်းတရားတွေ၊ လက်စားချေမှုတွေထိန်းချုပ်တာခံရလိမ့်မယ်။ ငါ မင်းကို ထိခိုက်အောင်လုပ်ဖို့တကယ်မရည်ရွယ်ခဲ့ဘူး။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now