Chapter - 22

878 184 5
                                    

Unicode

၁၆၉၆။ နင်တို့တစ်ယောက်ချင်းစီမှာမကောင်းဆိုးရွားဝိဉာဉ်ကပ်နေတယ်
______________________

လုရှန်းရှန်းကား ဒေါသတို့ဖြင့်တုန်ရီနေတော့၏။ သူမက 795ကိုလက်ညှိုးထိုးကာအော်သည်။

"ငါ နင့်ကိုအလွတ်မပေးဘူး။"

"တွေ့လား၊ ငါက ရိုင်းရိုင်းစိုင်းစိုင်းစကားတစ်ခွန်းနှစ်ခွန်းပြောမိတာ၊ မင်းက ဒီလိုဖြစ်နေပြီ။"

795က လက်နှစ်ဖက်ကိုဖြန့်ကာပခုံးတွန့်၏။

"မင်းရဲ့တစ်ကိုယ်ကောင်းဆန္ဒတွေကြောင့် ငါ့ကိုသတ်တော့မှာလား?"

"နင်..."

လုရှန်းရှန်းမှာ ဒေါသထွက်လွန်း၍မျက်လုံးများပင်နီရဲလာသည်။

"သူ့ကိုကြိုးချည်ထားရအောင်ဗျာ အကြံပေး။"

အသင်းဝင်တွေကပြောလာသည်။

"ကျွန်တော်တို့က အသင်းတစ်သင်းတည်းက၊ အချင်းချင်းကောင်းကောင်းကြီးသိကြတဲ့ဟာ။ သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ? ရက်စက်လွန်းတယ်။"

လျိုမန်မန်ကား စကားတစ်ခွန်းမဆိုဘဲ ခေါင်းငိုက်စိုက်ဖြင့်သာရှိနေသည်။

နဉ်ရှုကလည်း စကားမဆိုပေ။ သူတို့ကိုယ်တိုင်မကြုံရသရွေ့ ဒါဘယ်လိုခံစားရတယ်ဆိုတာ သူတို့သိမှာမဟုတ်ဘူး။

လျိုမန်မန့်ကို ထောင့်တစ်ထောင့်မှာ တစ်ယောက်တည်းထားလိုက်ကြသည်။ ဘယ်သူမှ သူမနားမကပ်ရဲကြပေ။ သူမက ဒူးကွေးထိုင်နေကာ နဖူးကိုဒူးပေါ်တင်ထား၏။ သူမနားကဖြတ်သွားသူတွေက သူမကိုရှောင်ကွင်းသွားတတ်ကြတာမို့ သူမဘေးနားမှာ လေဟာနယ်တစ်ခုဖန်တီးထားသည့်နှယ်။

ဧည့်ခန်းကတိတ်ဆိတ်နေပြီး အပြင်မှာ လေအေးကတဝေါဝေါတိုက်ခတ်နေကာ ထိုင်းမှိုင်းလေးလံတဲ့အခြေအနေက လူတိုင်းရဲ့စိတ်ကိုဖိစီးလာစေသည်။

သူတို့ ကောင်မလေးနှစ်ယောက်ကိုသတ်တဲ့သူကိုမိတော့ရောဘာဖြစ်လဲ? ထွက်သွားဖို့ဖြစ်မှမဖြစ်နိုင်တာ။ အဖြူရောင်လွင်ပြင်ကြီးထဲလမ်းပျောက်ဖို့ကလွယ်တယ်၊ ပြီးတော့ နှင်းတွေက ဒူးထိနက်တယ်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now