Chapter - 14

900 171 3
                                    

Unicode

၁၆၈၈။ အဝါရောင်သစ်နက်သား
_______________________

"သူတို့က သွေးသားမတော်တာကို သူက ဘာလို့ ဖန့်ကျွင်းယန်ကို ဘက်လိုက်တာလဲ?"

နဉ်ရှု မျက်ခုံးပင့်မိရသည်။ လုရှန်းရှန်းက အထူးတာဝန်ထမ်းဆောင်သူဖြစ်ဖို့ထိုက်တန်သားပဲ။ 795က သူ့ကိုအထင်သေးရင်တောင် သူ့မှာ အရည်အချင်းနည်းနည်းရှိတယ်။

နဉ်ရှုက သူမပြောသမျှကို ချရေးသည်။

အန်ကယ်ကခေါင်းငြိမ့်၏။

"ပြီးတော့ရော?"

ကျန်းကျားစန်ကထပြောသည်။

"သူတို့မြေးအဖွားက သူတို့နေပြနေသလောက်လည်း ဆင်းရဲပုံမရဘူး။"

"ဒီစားပွဲကို အဝါရောင်သစ်နက်သားနဲ့လုပ်ထားတာ။"

ကျန်းကျားစန်ရဲ့လက်ချောင်းလေးတွေက စားပွဲကိုခေါက်နေသည်။

နဉ်ရှု စားပွဲကိုကြည့်မိရသည်။ ဒီစားပွဲကို ဆီသုတ်ထားတဲ့သစ်သားပြားတွေကနေလုပ်ထားတယ်လို့ပဲ သူမတွေးခဲ့တာ၊ ဒါပေမယ့် အခုကြည့်မိပြန်တော့ အသားက အတော်လေးကြည့်ကောင်းပြီးချောမွတ်တယ်။

နဉ်ရှုက သူမသံသယတို့ကိုထုတ်ပြောသည်။

"သူတို့က အဝါရောင်သစ်နက်သားရဲ့တန်ဖိုးကိုမသိရင်ရော?"

ကျေးလက်ကလူတွေက ပစ္စည်းတွေရဲ့တန်ဖိုးကိုမသိဘဲ တန်ဖိုးကြီးပန်းကန်ကိုတောင်‌ ခွေးကျွေးဖို့သုံးတတ်ကြတယ်။

ကျန်းကျားစန်က နဉ်ရှုကိုကြည့်လာသည်။

"အဝါရောင်သစ်မွှေးသားက ရာသီဥတုပူတဲ့တောင်တရုတ်ပင်လယ်ဘက်မှာထွက်တာ။ သစ်အများကြီးမထုတ်သလို ထုတ်သမျှကိုလည်း ပြည်ပကိုအဓိကပို့တာ။ ဒီနေရာက သစ်မွှေးသားထုတ်တဲ့နေရာမဟုတ်ဘူး။ တောင်ပေါ်တက်ပြီး အပင်ခုတ်ဖို့ဆိုတာ မဖြစ်နိုင်တာပဲ။"

နဉ်ရှု : (⊙0⊙)

ယိ့ပဲ၊ သူမ ဉာဏ်နည်းတဲ့သူလိုခံစားလိုက်ရတယ်။

သူမက အဲ့အကြောင်းကို မှတ်စုစာအုပ်ထဲချရေးလိုက်သည်။ ဒီတော့ ပြောရကြေးဆိုရင် သူတို့မြေးအဖွားမှာ အတော်လေးပြဿနာရှိနေတယ်ဆိုပါတော့။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now