Chapter - 15

778 157 4
                                    

Unicode

၁၆၈၉။ ကယ်ပါဦး ချစ်အန်ကယ်ရေ!!
_____________________

အရိပ်တစ်ခုပြေးဝင်လာသည်။ နဉ်ရှု မတုန့်ပြန်နိုင်သေးခင်မှာပင် သူမလည်ပင်းကို အပ်ချည်ကြိုးတစ်ချောင်းကရစ်ပတ်လာသည်။ အရိပ်က သူမနောက်ကနေ သူမလည်ပင်းကို အပ်ချည်ကြိုးနဲ့တင်းကြပ်စွာညှစ်တော့သည်။

နဉ်ရှုက အပ်ချည်ကြိုးကို သူမလက်နဲ့ခပ်တင်းတင်းဆွဲကိုင်လိုက်သည်။ အပ်ချည်ကြိုးက အရေပြားကိုဖြတ်ကာ အသားနက်နက်ထဲတိုးဝင်သွားပြီး သူမရဲ့အရိုးတွေထိရောက်သွားသည်။

သောက်ရမ်းနာတယ်။

နာကျင်ရသော်ငြား နဉ်ရှု လက်မလွှတ်ရဲပါချေ။ သူမ လက်လွှတ်လိုက်တာနဲ့ ဒီနာကျင်မှုကိုခံရမှာက သူမလည်ပင်းဖြစ်ပြီး သူမလည်း မိန်ကျီချင်းနည်းတူ အဆုံးသတ်သွားတော့မှာ။ ကြိုးက မိန်ကျီချင်းရဲ့လည်ပင်းတစ်ဝက်လောက်ကိုဖြတ်ပစ်တာ။

ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နီးစပ်လွန်းနေတာမို့ သူမရဲ့နားတွေက သူမနောက်ကရှူထုတ်လိုက်တဲ့လေပူတွေကိုခံစားမိနေသည်။ အရိုးခိုက်အောင်အေးတဲ့လေထုနဲ့ရောနှောနေတဲ့ သစ်မွှေးသားရနံ့ကို သူမရနေသည်။

"အဟွတ်!"

နဉ်ရှု ချောင်းဆိုးလိုက်မိကာ ခက်ခက်ခဲခဲဆိုသည်။

"နင်ပဲကိုး ကျန်းကျားစန်!"

အပ်ချည်ကြိုးကိုကိုင်ထားတဲ့လက်က ခဏမျှတန့်သွားပေမယ့် အလျင်အမြန်ပင် အားပြန်တိုးလာခဲ့သည်။ ကြိုးက အသားထဲ ပိုနစ်အောင်တိုးဝင်သွားသည်။ သွေးတွေက မြေကြီးပေါ်တပေါက်ပေါက်ကျနေ၏။

သေအံ့မူးမူးခံစားချက်က နဉ်ရှုကို ကြက်သီးထလာစေသည်။ သူမ ကြောက်လန့်နေကာကြံရာမရဖြစ်နေတော့၏။

နဉ်ရှုရဲ့မျက်နှာက နီရဲလာပြီး သူမက သူမနောက်ကလူရဲ့ခြေထောက်ကိုတက်နင်းဖို့ ခြေမြှောက်လိုက်ပေမယ့် သူမပဲ ခြေသလုံးကိုအကန်ခံလိုက်ရကာ အတော်လေးနာကျင်သွားရသည်။

ဒီကမ္ဘာကိုရောက်လာတာ တစ်ရက်ပဲရှိသေးတာမို့ နဉ်ရှုမှာ ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်ချိန်မရှိပါချေ။ တစ်ရက်တည်းမှာတင် လူ‌သုံးယောက်သေသွားတာမို့ ခဏလောက်နားပြီးအမောဖြေဖို့အချိန် လုံးဝမရှိပါပေ။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now