Chapter - 28

635 124 4
                                    

Unicode

၁၇၀၂။ အလောင်းတစ်လောင်းပျောက်နေတယ်?

မိန်းကလေးတွေရဲ့လည်ပင်းမှာ ဆွဲကြိုးတွေနဲ့ကျောက်မြတ်တွေဆွဲထားကြပေမယ့် ဘယ်သူမှ ကြိုးနီမဆွဲထားပေ။

တစ်ယောက်က ကျေး‌တောသူ၊ တစ်ယောက်က ကောလိပ်အသင်းဥက္ကဌဖြစ်ပြီး နှစ်ယောက်လုံး ကြိုးနီတွေဆွဲထားကြတယ်။ သူတို့ကြားမှာ ပတ်သက်မှုတစ်ခုခုရှိရမယ်။

တိုက်ဆိုင်တာဟုတ်ဟုတ်၊ မဟုတ်ဟုတ် စုံစမ်းဖို့အရေးကြီးတယ်။

အလောင်းတစ်လောင်းပျောက်နေတာကို နဉ်ရှုသိလိုက်ရသည်။ ယဉ်ကျေးရည်မွန်တဲ့ဖန်ချန်းရဲ့အလောင်းပင်။

ဖန်ချန်းရဲ့ခေါင်းနောက်စေ့က တံခါးခုံနဲ့ပြင်းပြင်းထန်ထန်ဆောင့်မိသွားတာမို့ သူက ခေါင်းဒဏ်ရာကြောင့်သေသွားတာဖြစ်၏။ သို့သော်ငြား ယခုတော့ သူ့အလောင်းပျောက်နေလေပြီ။

"အလောင်းတစ်လောင်းပျောက်နေတယ်။"

795က သူ့မေးကိုပွတ်နေသည်။

"သူက လူသတ်သမားမဟုတ်ရင်တောင် ပတ်သက်မှုရှိတာသေချာတယ်။"

ဝမ်ကျယ်ကပြောသည်။

"သူ့အလောင်းကို ဘယ်သူဖယ်လိုက်တာလဲ? ဒါမှမဟုတ် သူ မသေသေးတာများလား? သူ အခု ဘယ်မှာပုန်းနေလောက်လဲ?"

နဉ်ရှု ဝမ်ကျယ့်ကိုလှမ်းကြည့်မိသည်။ သူက အခုမှ ဘာလို့ စိတ်အားထက်သန်နေရတာလဲ?

ဝမ်ကျယ်က ခေါင်းကုတ်နေရင်းမှ နဉ်ရှုကိုကြည့်ကာမေးသည်။

"မင်းလက် နာနေသေးလား?"

သူနဲ့ဘာဆိုင်တုန်း?

သူမက ပြုံးဖြဲဖြဲလုပ်ကာ စကားမဆိုပေ။ သူမ ဧည့်ခန်းဆီသာပြန်လှည့်ထွက်သွား၏။ တံခါးဝအရောက်မှာ သူမ ခဏရပ်သွားပြီး သူမကိုယ်ပေါ်ကနှင်းတွေကိုဖယ်ချလိုက်ပြီးနောက် အန်ကယ့်ဆီလျှောက်သွားသည်။ သူမကဆို၏။

"ဖန်ချန်းရဲ့အလောင်းပျောက်နေတယ်။"

အန်ကယ်က မျက်လုံးတို့ကိုမှေးစင်းလိုက်သည်။ အဲ့သတင်းကို တခြားသူတွေကြားတဲ့အခါ သူတို့က တီးတိုးပြောကြတော့သည်။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now