Chapter - 24

849 167 9
                                    

Unicode

၁၆၉၈။ မင်းမသေဘူးပဲ

နိုင်ငံရဲ့မြောက်ပိုင်းလိုဒီဒေသတွေမှာ အာလူး၊ ကန်စွန်းဥစတာတွေကိုသိုလှောင်ဖို့ အစားအစာသိုလှေင်ခန်းတွေရှိသင့်သည်။

နဉ်ရှုက အစားအစာသိုလှောင်ခန်းကိုသွားဖို့ အကြောင်းပြချက်ရှာနေတာဖြစ်၏။

ရှောင်လန်က ခေါင်းခါသည်။

"အဖွားက အသက်ကြီးပြီ၊ ညီမက မမြင်ရဘူး။ ညီမတို့ အသီးအနှံနည်းနည်းစိုက်ခဲ့ကြတယ်ဆိုပေမယ့် ဆောင်းတွင်းတစ်တွင်းစာတော့မဖူလုံဘူး။"

"ဆိုတော့ သိုလှောင်ခန်းထဲမှာ စားစရာမရှိဘူးပေါ့?"

နဉ်ရှုကမေးသည်။

ရှောင်လန်ကခေါင်းခါ၏။

"တကယ်တော့ အိမ်မှာ စားစရာသိပ်မရှိဘူး။ အစ်မတို့မှာ မကောင်းတဲ့စွမ်းအင်တွေလွှမ်းမိုးထားပြီး အိမ်မှာ စားစရာသိပ်မရှိတော့လို့ အဖွားက အစ်မတို့ကိုထွက်သွားစေချင်တာ။ အစ်မတို့ထွက်မသွားရင် ညီမတို့ ငတ်သေလိမ့်မယ်။"

"ဒီရာသီဥတုမျိုးနဲ့ ငါတို့ လမ်းမလျှောက်နိုင်ဘူးရယ်။"

နဉ်ရှုကပြောသည်။

"အခုကစပြီး ငါတို့ တစ်နေ့ကို တစ်နပ်ပဲစားကြရင်ရော?"

ရှောင်လန်ကပြုံးလိုက်သော်ငြား သူမရဲ့မျက်လုံးတွေကငေးကြောင်နေဆဲ။ ပြုံးနေတဲ့သူမက နည်းနည်းကျောချမ်းချင်စရာကောင်းနေသည်။

နဉ်ရှု မီးဖိုခန်းထဲကထွက်ကာ ဧည့်ခန်းဆီပြန်ရောက်လာချိန်မှာတော့ အန်ကယ်က သူမကို လက်ပြလာသည်။

"ဒီကိုလာ။"

နဉ်ရှု စိတ်မသက်မသာခံစားလိုက်ရသည်။ သူမက ဖြည်းဖြည်းချင်းလျှောက်လာ၏။

"ဘာများလဲ အကြံပေး?"

"မင်း မသေဘူးပဲ။"

အန်ကယ်ကပြောသည်။

နဉ်ရှု : ...

အကျိုးနည်း။ ဒါဘာတုန်း? သူက လူကိုသုတ်သင်ရုံတင်မကဘဲ အနာကိုဆားနဲ့ပါသိပ်နေသေးတယ်ပေါ့?

နဉ်ရှုရဲ့နှုတ်ခမ်းထောင့်တွေလှုပ်ခတ်သွားသည်။ သူမ ဘာပြောရမှန်းတောင်မသိတော့ဘူး။

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now