*****************
   " Lali"
  "ဗျ ဘထွေး ဘာခိုင်းမလို့လဲ"
"ဘာမှမခိုင်းဘူး ဆရာတော်ဆွမ်းဘုန်း ပြီးပြီ ဒါကြောင့်ဗိုက်ဆာရင်စားလို့ရပြီ"
  "အမ် ဟိုဟာလေ ဟိုဟာ"
  "လာပို့တာမစားချင်ဘူးတစ်ကူးတစ်ကသွားစားချင်သပဆိုလည်း ရကြောင်းပါဗျာ"
   "သွားစားလိုက်မယ်လေ ဘထွေး လာပို့တာကျတော့စားရမှာ အားနာစရာ"
ဘထွေးကငါသိနေ‌တယ်နော်ဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။မတတ်နိုင် ရယ်ပြရုံသာရယ်ပြပြီး ရွာထဲ Kim အိမ်တော်သို့ထွက်လာခဲ့သည်။

🌺🌺🌺🌺🌺🌺🌺🌺

    "ဟယ်အင်း"
   "ရှင် မင်းသမီးလေး"
  "နင့်ကိုငါပြောတဲ့ လူစိမ်းလေ"
"ဟုတ်ကဲ့"
    "သူက ဘုန်းကြီးကျောင်းသားလား"
   "‌ဆရာတော်ဘုရားရဲ့တူလို့တော့ကြားတာပဲ သခင်မလေးရဲ့"
   "ဟိုတနေ့က လေတိုက်လို့လွင့်သွားတဲ့ငါ့ ပုဝါလေ အဲ့တာသူ့ဆီမှာသိလား ငါထကြည့်တော့သူယူသွားတာမြင်လိုက်တယ်"
    "ပြန်တောင်းမလို့လား သခင်မလေး"
"တောင်းချင်ပေမဲ့ ဖေကြီးသိရင် ငါ့ကိုသတ်မှာပေါ့"
     "ဒါလဲဟုတ်တာပဲ"
ဟယ်အင်းက စိတ်ပျက်လက်ပျက်မျက်နှာဖြင့်ငြိမ်ကျသွားသည်။ပြတင်းပေါက်မှာရပ်နေတဲ့ နမ်ဆွန်းက
   "သခင်မလေး သခင်မလေး"
  "ဘာတုန်း နမ်ဆွန်းရဲ့ အလန့်တကြား"
  "ဟိုလူစိမ်း ဝိုင်းထဲဝင်လာတယ် ထမင်းလာစားတာထင်တယ်"
  "ဟုတ်လား"
ရူဘီ့မှာ အလောတကော ထကြည့်မိသည်။ဟုတ်ပါသည် ရွာကလူတွေနဲ့မတူသည့်အသွေးအမွေးနဲ့သူက နှစ်ယောက်မရှိနိုင်။ကော်လာစလေးကိုတမမနဲ့ ကြွကြွရွရွသူ့ပုံစံက ဘော်ကြော့လိုလို။ ဖေကြီးကြည့်မရတာလည်းမဆန်းပါဘူးလို့ ရူဘီတွေးမိသည်။ မနက်ကလည်း ရူဘီ့ကိုတွေ့တာတောင်မသိဟန်ဆောင်နေသည့် သူက အမြင်ကပ်စရာ။ရူဘီအပြင်ထွက်လာရင် ရွာက လူပျိုတွေ မငေးဘဲနေသူမရှိ သမင်လည်ပြန်ကြည့်ကြတာချည်းပဲ။သူနဲ့တွေ့မှ ရူဘီ့အလှက သိမ်ငယ်သွားသလိုလို။ဒါမှမဟုတ် သူလာခဲ့တဲ့နေရာမှာ ရူဘီ့ထက်လှတဲ့လူတွေဘာတွေ တွေ့ဖူးထားလို့များလား။ ထိုသို့တွေးမိတော့ မဆီမဆိုင် ဘယ်ဘက်ရင်ထဲက ဆစ်ကနဲ နာသည်။ဒါဘယ်လို ခံစားချက်ပါလိမ့်။မတွေးချင်တော့ဘူး။အတွေးစကိုဖြတ်ပြီးသူ့ကိုပြန်ကြည့်တော့ အစေခံတစ်ယောက်နဲ့စကားများနေပုံပင်။

*********************

  "ခင်ဗျားဟာကလည်း ဝက်သားကသေးသေးလေးကိုတစ်တုံးတော့ထပ်ပေးဦး"
  Laliကိုထိုအစေခံက အပြူးသားကြည့်သည်။အေးလေ ဝက်သားဘီးဆံပတ်တုံးကိုသေးတယ်ဆိုတော့ အံ့ဩစရာ။
"ဒီမှာ သခင်ကြီးက တစ်တုံးစီပဲပေးဖို့မှာထားတာ"
   "ကျွန်တော်သိတာကတော့ Jane သခင်ကြီးက သဘောသိပ်ကောင်းတာ တစ်တုံးပိုပေးရုံနဲ့တော့အမျက်မထွက်ပါဘူး လုပ်စမ်းပါ ထည့်"
ပြောမရအောင်လက်ပေါက်ကပ်လွန်းလို့ နားအေးပြီးရောထည့်ပေးလိုက်သည့် ဝက်သားတုံးကို ကြည့်ရင်းသဘောကျရသည်။ဆောင်နန်းနားကို ထမင်းဗန်းကိုင်ပြီးမသိမသာလျှောက်သွားတာ မင်းသမီးကိုတွေ့လို့တွေ့ငြားဆိုပြီး။အဲ့မှာဟင်းထည့်တဲ့အစေခံနဲ့တိုးတော့တာပဲ။ဘာပဲဖြစ်ဖြစ်အရှုံးတော့မရှိဘူးမလား။မင်းသမီးကိုမတွေ့ရပေမဲ့ ဝက်သားတစ်တုံးတော့ပိုစားရတယ်လေ။

#next part coming soon

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now