ထိုလူပြရာအိမ်ကိုကြည့်လိုက်တော့တခြားရွာထဲကအိမ်တွေလိုမဟုတ် ထူးခြားစွာ ခမ်းနား ထည်ဝင့်နေသည်။ခြံဝတွင် ကျွန်းသားကိုကနုတ်ထွင်းကာ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်က "Kim အိမ်တော်"။
********************************
"မောင်မင်းက သူ့ကိုဘယ်ကတွေ့လာတာလဲ"
Jane သခင်ကြီးဆိုသူက ရုပ်ကြမ်းနဲ့လူအားမေးလာခြင်းဖြစ်သည်။
"ကျွန်တော်မျိုးလည်း တောထဲကတွေ့လာတာပါ သူက ချန်းဂူ ရွာကိုရှာနေတာပြောလို့ ခေါ်လာခဲ့တာပါ"
Liမှာရယ်ချင်သလိုဖြစ်နေတာကိုမနည်းမျက်နှာပိုးသတ်နေရသည်။ဘယ့်နှယ်ဗျာ ဘုရင်ခေတ်မဟုတ်တော့ဘဲ ဘုရားကျွန်တော်မျိုးထူးသတဲ့လား။မောင်မင်းဆိုတာရော သုံးဖို့လိုသေးလို့လား။
"လူစိမ်း မောင်မင်းက ဘာရယ်တာတုန်း ကျုပ်ကိုလှောင်စရာမှတ်နေလား"
သခင်ကြီးပြောမှ Li သတိထားမိသည်။အင်း မျက်နှာပိုးကတယ်ရွသကိုး။
"မဟုတ်ပါဘူး သခင်ကြီး ကျွန်တော်က Kim အိမ်တော်ရဲ့ခမ်းနားမှုကိုသဘောကျလို့ပါ"
"ထားပါတော့ ကျုပ်တို့ရွာကို ရှာရတဲ့မောင်မင်းရဲ့အကြောင်းပြချက်က"
"ကျွန်တော့်ရဲ့ ဦးရီးတော် လည်းဖြစ်တဲ့ ဆရာတော်ကိုလာရှာတာပါ"
"ဟေ မောင်မင်းကဆရာတော်ဘုရားရဲ့ တူလား"
"ဟုတ်ပါတယ်သခင်ကြီး ဒါပေမဲ့ ဦးရီးတော်ဆရာတော်ဘုရားကို တစ်ခါမှမမြင်ဖူးပါဘူး"
"ဟ မောင်မင်းဟာကနက်နဲသွားပြီ ရှင်းအောင်ပြောစမ်း"
"ဒီလိုပါ ကျွန်တော့်အစ်ကိုက ရှာခိုင်းတာပါ သူကတော့ဆရာတော်ဘုရားကိုသိပါတယ် ကျွန်တော့်ဘဝဆက်လက်ရှင်သန်နိုင်ဖို့အတွက်လွှတ်လိုက်တာပါ"
"မောင်းမင်း အစ်ကိုကရော"
"သူက တစ်ခြားတစ်နေရာကိုသွားပါတယ် သခင်ကြီး ကျွန်တော်တို့မိဘတွေမရှိတော့ကတည်းက ညီအစ်ကိုနှစ်ယောက်တည်းနေလာတာပါ ဆရာတော်ဘုရားက ကျွန်တော် ဗိုက်ထဲမှာရှိနေတုန်း ဘုန်းကြီးဝတ်သွားတာမို့မမြင်ဖူးတာပါ"
ထိုစဉ် မုန့်အချိုပွဲတစ်ချို့ကိုဗန်းနဲ့တင်ပြီးယူလာတဲ့ အမျိုးသမီးကြီးက
"ကဲပါ အစ်ကိုရယ် သူ့ပုံကြည့်ရတာ လူဆိုးဟုတ်ဟန်မတူပါဘူး ဆရာတော့်ကျောင်းကိုသာပို့ပေးလိုက်ပါ"
"ရှင်မ မင်းစကားပြောတာကလည်းကွာမသိရင်ငါကပဲလူဆိုးကျလို့ ရွာအတွက်လုံခြုံဖို့ သူစိမ်းကိုတော့ မေးရမယ်မလားကဲ ထယ်ဝူ မင်းသူ့ကိုဆရာတော်ဘုရားဆီလိုက်ပို့လိုက် ပြီးတော့ Kim အိမ်တော်ကချထားတဲ့စည်းကမ်းတွေလည်းပြောပြလိုက်ဦး ဘာသံမှမကြားချင်ဘူး "
ရုပ်ကြမ်းနဲ့လူကိုလှမ်းပြောလိုက်ခြင်းဖြစ်သည်။ထိုလူကခေါင်းညိတ်ပြီး
"ကဲ ကိုယ်တော်မြတ် လာခဲ့ ငါလိုက်ပို့မယ် သခင်ကြီးကို နှုတ်ဆက်လိုက်ဦး"
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
ဟု Liခါးကိုင်းကာအရိုအသေပေးပြီးနောက် ထွက်လာခဲ့သည်။
*********************************
"အင်း အလာတုန်းကသတိမထားမိလိုက်ဘူး Kim အိမ်တော်ခြံဝိုင်းက အတော်ကျယ်တာပဲအစေခံတွေလည်းများတာပဲ ထင်းခွဲ ရေခပ်ချက်ပြုတ် သူ့တာဝန်နဲ့သူပဲ"
Liအပြောစကားကို ထယ်ဝူကခေါင်းငြိမ့်သည်။ ခြံဝိုင်းထဲထွက်ခါနီးတစ်နေရာအရောက်
"ထယ်ဝူ ခဏဗျ အဲ့ဘက်ခြမ်းက အိမ်တော်က အတော်လှတယ်နော်"
Liလက်ညှိုးညွှန်ရာကိုကြည့်ပြီးမှ အသည်းအသန်ပုံစံဖြင့်
"အမလေး ကိုလူစိမ်း မီးစတော့တုတ်နဲ့မတို့ပါနဲ့ အဲ့တာ Jane မင်းသမီးလေး ရူဘီရဲ့ ဆောင်နန်း လက်ညှိုးထိုးဖို့မပြောနဲ့မျက်လုံးနဲ့တောင်ဝင့်မကြည့်ပါနဲ့"
"ဘာလို့တုန်း လူပဲ မျက်စိပါ ကြည့်မှာပဲ"
"ပြောရခက်လိုက်တာကွာ ဒီနေ့ပဲရွာထဲရောက်တယ်ဒီနေ့ပဲပြဿနာတတ်ချင်တာလား"
"ခင်ဗျားကိုက တွေးကြောက်နေတာ ကြည့်တော့ဘာဖြစ်တုန်း"
ရွဲ့ပြီးကြည့်လိုက်သည်ကမှားသလားမှန်သလားမသိ။ပန်းနုရောင်လိပ်ကာတပ်ထားတဲ့ပြတင်းဘောင်နားက ဖြူထွေးထွေးပုံရိပ်ကလေး။
တကယ်ပန်းချီကားတစ်ချပ်လို။မှော်ဝင်နေတဲ့ အလှတရား။ မင်းသမီး လေးတဲ့လား။
#next part coming soon❤️
#thanks for waiting 🤗
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
