"ရိုင်းစိုင်းလိုက်တာ!" ရှန်ယုလန် စိတ်ဆိုးမှာကို ကြောက်သွားတဲ့ ဝူကျစ်ကန်း က "တရားသူကြီးချုပ်က မင်းကို မေးခွန်းမေးနေတယ်လေ၊ မင်းက မဖြေပဲ နေရဲတယ်လား?"

ကျွော့ချင်းက စိတ်ဆိုးခြင်းမရှိသော်လည်း လက်ပိုက်လိုက်ပြီး "တရားသူကြီးချုပ်က ကျွန်တော်နဲ့ စကားပြောနေတာလေ၊ ခင်ဗျား ဘာလို့ နှောက်ယှက်နေတာလဲ"

  "မင်း" ဒါက ရိုးရိုးရှင်းရှင်းကို ပုန်ကန်နေတာပဲ!

ဝူကျစ်ကန်းက ဒေါသထွက်လွန်းလို့ သူ့ပါးစပ်နဲ့ နှာခေါင်းမှာ မီးခိုးတွေပြည့်နေပြီး မျက်နှာက နီရဲနေကာ ရင်ဘတ်က ပြင်းထန်စွာ တုန်ခါနေပြီး ကျွော့ချင်းကို လက်ညှိုးထိုးပြနေပြီး မရပ်မနား တုန်လှုပ်နေရှာသည်။ စကားပြောချင်ပေမယ့် အချိန်အကြာကြီး စကားမပြောနိုင်တော့ပေ။

  ကျွော့ချင်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူ လေဖြတ်သွားတာတော့ မဟုတ်ဘူးမလား?... ဒီရှေးခေတ်လူသားတွေရဲ့ ထိုးနှက်ချက်တွေအပေါ် ခုခံနိုင်စွမ်းက နည်းနည်းတော့ အားနည်းနေသေးတယ်ဟ။

  ကျွော့ချင်းက သူ မူးလဲသွားမှာကို တကယ်စိုးရိမ်နေပေမယ့် ကံကောင်းထောက်မစွာနဲ့ အစိုးရဝန်ထမ်းနှစ်ဦးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ချုပ်နှောင်ကာ ဝင်လာပြီး အခန်းထဲက အဆင်မပြေမှုတွေကို ဖြိုခွင်းလိုက်သည်။

  "လူကြီးမင်း၊ လီမင်ကို ဒီကို ခေါ်လာပေးပါတယ်"

  တရားသူကြီးရှန်က ကျွော့ချင်း၏ ရိုင်းစိုင်းမှုနှင့်ပတ်သက်၍ သည်းမခံနိုင်ပေမယ့် ထိန်းသိမ်းနိုင်‌သေးသည်။ ဝန်ကြီးချုပ်က ပရမ်းပတာအလယ်တွင် ပြိမ်သက်နေပြီး အေးအေးဆေးဆေးရှိနေသည်။ ဝူကျစ်ကန်းကတော့ ဒေါသထွက်လွန်းလို့ နေစရာတောင် မရှိတော့ပေ။ ယခုအချိန်တွင် သူ၏ဒေါသက ပွက်ပွက်ဆူလာကာ မဖောက်ခွဲပဲ မနေနိုင်တော့ပေ။ သူက လီမင်ကို "လီမင်၊ လင်းပါ့ခန်းက မနေ့ညက အသတ်ခံရတယ်၊ သူ့ကို တစ်စုံတစ်ယောက်က သတ်ခဲ့တယ်၊ မင်းက မနေ့ညက လင်းပါ့ခန်းကို တွေ့ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ၊ အဲဒီတုန်းက မင်း ဘာမြင်လဲ၊ အဲဒီလူကို သတ်ခဲ့တာ မင်းပဲလား!"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now