အပိုင်း 34

Start from the beginning
                                    

"သူငယ်ချင်းတွေပါနော်"
.
.

Ring...Ring..

"hello"

"နန်းနန်းပြီးပြီလား "

"နန်းအခုမှရေချိုးပြီးတာ ခဏနော်မေလေး"

"ommomm မေလေးနန်းနန်းဆီလာခဲ့မယ်"

...................

ကောင်းမွန် မေလေးအား ဟင်းနဲ့မာလာရှမ်းကောပေးရန်အတွက် ကောလိပ်ကိုမောင်းလာလေသည်။

ဒီတစ်ပတ်ပြန်မလာဘူးပြောသဖြင့် လိုအပ်တာဘာညာဝယ်ပေးရအောင်လာခြင်းဖြစ်သည်။
ကောလိပ်ကိုရောက်ရောက်ချင်း မေလေးဖုန်းကိုဆက်လိုက်သည်။ဖုန်းမကိုင်သဖြင့် ဂျူတီစောင့်နေသောဆရာမလေးများကိုမေးလိုက်သည်။

" အိပ်ခန်း12က မေမွန်မြတ်နဲ့တွေချင်လို့ပါ"

"အာ...မေမွန်မြတ်တို့က စောနာလေးကမှအပြင်ကိုထွက်သွားတယ်ရှင့်"

ပိတ်ရက်တွင် day outသွားချင်ပါက အသွားတစ်ခါအပြန်တစ်ခါလက်မှတ်ထိုးရသည်။သွားသောအချိန်အတိအကျနှင့် ပြန်သောအချိန်အတိအကျရေးရသည်။သတ်မှတ်ချိန်ထက်နောက်ကျပါက အပြစ်ပေးခြင်းခံရသည်။

"ဟင် ဘယ်အချိန်လောက်ကထွက်သွားတာလဲဗျ"

"9နာရီ 7မိနစ်တုန်းကပါ...ဒါနဲ့ဘာတော်စပ်တာလဲမသိဘူးရှင့်"

"ကျနော်က သူ့အကိုပါ"

"ဟုတ်"

ကောင်းမွန် canteenက စားသောက်ဆိုင်တစ်ခုတွင်ထိုင်ပြီးစောင့်နေသည်။

သူ 9ခွဲလောက်ကနေ ထိုင်စောင့်နေတာ အခု2နာရီခွဲလေပြီ။ မေလေးဆီကိုဖုန်းဆက်တော့လည်း ဖုန်းမကိုင်။

"မေလေး ရည်းစားတွေများရနေပြီလားမသိဘူး...ဟူး"

.
.

Diamondကနေ အပြန် မေလေးနဲ့နန်းနန်း ဓာတ်ပုံဆိုင်ကိုသွားလိုက်သည်။နောက်အပတ်ထဲထပ်ရမည့်Assignmentတွေအတွက် လိုအပ်သောပုံတွေထုတ်ရမှာမို့ဖြစ်သည်။

ဓာတ်ပုံဆိုင်ကိုအရောက် မေလေးဖုန်းထဲကနေ ပုံပြရန်အတွက် ဖုန်းကိုအိတ်ထဲကနေထုတ်လိုက်သည်။

"ဟမ် ကိုကိုဖုန်းတွေခေါ်ထားတယ် အခါ20တောင်"

"ဟမ် ဟုတ်လား"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now