နဉ်ရှုကဆို၏။

"လူစကားပြောစမ်းပါ။"

ကျန်းကျားစန်ကပြောသည်။

"ငါ့ကိုခွင့်လွှတ်ပါကွာ။"

နဉ်ရှု : o(*≥▽≤)ツ┏━┓[ခုံကိုလက်ဖြင့်ရိုက်ကာအားရပါးရရယ်နေ!]

သူမ ကျန်းကျားစန်ကို လေးစားတယ်ဆို‌တာတော့ ဝန်ခံရမယ်။ ဒီလိုအရှက်မရှိတဲ့စကားတွေပြောဖို့ သူ ဘယ်လောက်တောင်အရေထူနေရမလဲ? တကယ်ပါပဲ၊ ခွင့်လွှတ်မှုတဲ့လား!?

သူမ သူ့ကိုသတ်ပြီး နောက်ဘဝပို့ပေးလိုက်ရင်ရော? ပြီးတော့ သူ့အုတ်ဂူရှေ့မှာ "ခွင့်လွှတ်မှုမရှိရင် ဘဝကြီးက အဆုံးမရှိတဲ့အမုန်းတရားတွေ၊ လက်စားချေမှုတွေထိန်းချုပ်တာခံရလိမ့်မယ်။ နင် ငါ့ကိုခွင့်လွှတ်ရမယ်"လို့ပြောလိုက်မယ်လေ။

သူ ဒေါသထွက်လွန်းလို့ ဝိဉာဉ်တောင်တစ်စစီပြိုကွဲသွားလောက်တယ်။

နဉ်ရှုက ကျန်းကျားစန်ကို မျက်နှာသေနဲ့ကြည့်သည်။

"ငါလက်ခံပါတယ်။"

ကျန်းကျားစန်က ဘာမှမပြောတော့ပေ။ သူက သူမရဲ့ခွင့်လွှတ်မှုကို ဂရုတောင်မစိုက်လောက်ဘူး။ ဒီအတိုင်း ခပ်ပေါ့ပေါ့ပြောလိုက်တဲ့စကားပဲနေမှာ။

နောက်နေ့မနက်ခင်းမှာတော့ သူမရဲ့မြေးမလေးပျောက်နေကြောင်း အဖွားအိုသိသွားသည်။ သူမ ကြောက်လွန်းလို့ မျက်နှာပင်ဖြူဖျော့သွားရသည်။

"ရှောင်လန်ရော? ရှောင်လန်..."

အဖွားအိုက သူ့မြေးမကို တောင်ဝှေးကိုင်ကာလိုက်ရှာသည်။ ခြံထဲက နှင်းတွေနဲ့ဖုံးနေတဲ့ရှောင်လန့်အလောင်းကိုတွေ့တဲ့အခါ သူမက အလောင်းပေါ်ပစ်လှဲကာငိုတော့သည်။

"အဲ့ဒါ မင်းတို့ပဲ! ရှောင်လန့်ကို မင်းတို့သတ်လိုက်တာ။"

အဖွားအိုက လူအုပ်ကို တုန်ရီနေတဲ့လက်နဲ့လက်ညှိုးထိုးကာဆိုသည်။

"ရှောင်လန့်ကိုပြန်ပေး! ရှောင်လန်၊ ရှောင်လန်..."

ကျန်းကျားစန်ကအေးစက်စွာဆိုသည်။

"သူက တကယ်ရောခင်ဗျားမြေးဟုတ်လို့လား?"

"သူက ဖန့်ကျွင်းယန်ကိုသတ်လိုက်တာ။"

လူသတ်ကောင်ဘယ်သူလဲ?(Realm - 26) [Myanmar Translation]Where stories live. Discover now