အပိုင်း 27

Começar do início
                                    

"ဟော...ဘာဖြစ်တာလဲအဲ့တာ ကောက်တာလား"

"ဟင့်အင်း တကယ်ပြောတာ မေလေးအပြစ်ရှိသလောက် ကိုကိုရိုက်...မေလေးကိုညှာတာတွေဘာတွေမလုပ်နဲ့တော့"

မေမွန်မြတ် ပြောချင်ရာပြောပြီးအိမ်ထဲကိုပြေးကာဝင်သွားလေသည်။

ကောင်းမွန် ခါတိုင်းလိုစိတ်နဲ့ဆို ငါ့ကိုဘာအချိုးချိုးသွားတာလဲဟုမေးပြီးရိုက်မိမည်ဖြစ်သည်။
သူ့စိတ်တွေအများကြီးလျှော့ထားတာဖြစ်သည်။အရာရာမှာဒေါသကိုရှေ့တန်းမတင်ချင်တော့ပေ။
............

နန်းနန်း ဒီတစ်ပတ်ပြန်လွှတ်မည်ဆိုသည့်အသံကြားကြားချင်း ထခုန်မိသည်။
စာမေးပွဲကနီးလာတာနှင့်အမျှ သူ့ရဲ့အားဆေးလေးကိုပိုပိုချစ်စိတ်တွေဖြစ်လာမိသည်။ ကိုကောင်းမွန်မြတ်နဲ့နီးဖို့အချိန်တွေဟာပိုလို့နီးလာလေပြီ။သူဆေးကျောင်းသူဖြစ်ရမည်ဟု သူ့ကိုယ်သူခံယူထားသည်။

"ကလေးတွေနားထောင်မယ်"

"...."

"တီချယ်တို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့အချိန်နီးကပ်နေပြီနော်.....အဲ့တာစာကိုကြိုးစားကြမယ်နော်"

"ဟုတ်ကဲ့ပါတီချယ်"

"ကလေးတို့ ...အနာခံမှအသာစံရဆိုတဲ့စကားအတိုင်း အနာမခံဘဲဘယ်အောင်မြင်မှမရဘူး....ဒါကြောင့်ကြိုးစားကြရမယ်နော်...နောက်ပြီးတော့ အချိန်နဲ့ဒီရေသည်လူကိုမစောင့်ဆိုတာကြားဖူးတယ်မလား....အချိန်ကိုအကျိုးရှိအောင်အသုံးချကြတတ်ရမယ်နော်....နောက်ပြီးတော့ တီချယ်တို့ရဲ့သားတွေသမီးတွေကို တီချယ်တို့ကလူတော်လူကောင်းတွေဖြစ်စေချင်လို့ ဆုံးမတာတွေကိုသားတို့သမီးတို့ဘက်ကနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်တီချယ်က....နောက်ပြီးတော့ သားတို့သမီးတို့လိုအပ်တာရှိရင်တီချယ်တို့ကိုပြော....နောက်ပြီးတော့"

"ခစ် ခစ်....ဟိ"

အတန်းထဲက ရယ်သံလေးတွေကြားရတော့ တီချယ်ကစကားပြောနေတာရပ်လို့သွားသည်။

ထို့နောက်ခဏအကြာတွင်...

"ကလေးတွေ တီချယ်နောက်ကွယ်မှာ နောက်ပြီးတော့ဆိုတဲ့ဆရာမ လို့ တီချယ်ကိုနာမည်ပြောင်တွေခေါ်နေတာတွေကြားတယ်နော်....အေးနော် ဆရာကိုအဲ့လိုမပြောရဘူးဆိုတာသိကြတယ်မလား"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Onde histórias criam vida. Descubra agora