"... ညီလေး ...ဒါ...ဒါက ...!"

ရှီဖန်ထျန်က ယခုလိုဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် အနည်းငယ် မျက်နှာပူသွားသည်။

ရှောင်လုံက လက်ကာပြ၍

".... အကိုပဲ ပြောတယ်လေ ...အကိုနဲ့ ကျွန်တော့ကြားမှ ကျေးဇူးတင်စရာမလိုဘူးဆို ..."

ထိုအခါကြမှ ရှီဖန်ထျန်က အနည်းငယ် စိတ်အေးသွားပြီး

"... ကောင်းပြီလေ...အဲ့ဒါဆိုလည်း အကိုလက်ခံလိုက်ပါ့မယ် ..."

ခဏအကြာတွင် ရှီဖန်ထျန် စေခိုင်းလိုက်သောသူက နတ်နဂါးမြက် ဆယ့်ခုနှစ်ပင်နှင့်် အတူပြန်ရောက်လာသည်။ ထိုသူက ရှောင်လုံလက်ထဲသို့ နတ်နဂါးမြက်တွေကို လွှဲပြောင်းပေးလိုက်၏ ။ ရှောင်လုံက ခဏလောက်ကြာသည်အထိ သူ့လက်ထဲမှ နတ်နဂါးမြက်များကို ငေးကြည့်နေ၏ ။

နတ်နဂါးမြက် ဆယ့်ခုနှစ်ပင် ....!

ထို  နတ်နဂါးမြက် ဆယ့်ခုနှစ်ပင်နှင့်ဆိုလျင်  ကမ္ဘာဦးနတ်နဂါးကြီး နှစ်ကောင်ဆီမှ စွမ်းအားတွေကို စုပ်ယူနိုင်သည်။ ရှောင်လုံက အသက်ပြင်းပြင်တစ်ချက် ရှုသွင်း၍ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။

ရှောင်လုံအတွက် ဧည့်ခံပွဲက ညအချိန်သို့ရောက်သောအခါ ပြီးသွား၏။ အားလုံးလည် မိမိနေထိုင်ရာသို့ ပြန်သွားကြသည်။

ရှီဖန်ထျန်က ရှောင်လုံနေထိုင်ရန်အတွက်  နန်းတော်အလယ်မှ ခန်းမဆောင်တစ်ခုကို စီစဉ်ပေးထားသည်။ ရှောင်လုံက ရုတ်တရက် သိုင်းလေ့ကျင့်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။
ထိုနောက် သူအရင်ဘဝက လေ့ကျင့်ခဲ့သော သိုင်းပညာများဖြစ်သော ထိုက်ကျလက်ဝါးသိုင်းနှင့် နတ်ဆိုးသတ်ဖြတ်ခြင်းလက်သီးသိုင်းအထိ ပြန်လည် ကစားကြည့်လိုက်သည်။ 

ရှောင်လုံက နန်းတော်ထဲသို့ ဧည့်သည်တစ်ယောက်အဖြစ် ရောက်ရှိနေတာကြောင့်  တံခါးပိတ်၍ လေ့ကျင့်ခန်းဝင်ရန် မသင့်တော်ပေ။
သူအလိုရှိနေသည့် နတ်နဂါးမြက်တွေကို ရရှိပြီးနောက် ရှောင်လုံက ရက်အနည်းငယ်ခန့် ထပ်ကြာမှာကို စိတ်မလှုပ်ရှားတော့ပေ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Opowieści tętniące życiem. Odkryj je teraz