"... စိတ်မပူပါနဲ့ .. သူမနက်ဖြန်အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး ..."

ရှောင်လုံက ရှီရှောက်ဖေး ပြောချင်တာကို သိပြီးသားဖြစ်သည်။ ထိုကြောင့် သူမကို ဖြောင်းဖြစကားဆိုလိုက်သည်

"... လောလောဆယ်တော့ ဘုဇပတ်ရွက်မြို့ထဲကနေ ထွက်သွားရအောင် ..."

ရှောင်လုံက ရှောက်တုံဂျန်ကို မျှားခေါ်လိုသည့် အကြံဖြင့် ဘုဇပတ်ရွက်မြို့ကနေ ထွက်သွားဖို့ အရိပ်အယောင်ပြမယ်ဆိုတာကို ရှီရှောငိဖေးက နားလည်လိုက်သည်။

ထိုကြောင့်သူတို့လေးယောက်က မြို့ထဲမှာ အချိန်ဖြုန်းမနေတော့ပဲ မြို့ပြင်သို့ ထွက်သွားလေသည်။ ရှောင်လုံတို့မြို့ထဲကနေ ထွက်သွားသည့်သတင်းက ချက်ချင်းဆိုသလို ရှောက်တုံဂျန်နားထဲသို့ ရောက်ရှိသွားသည်။
ရှောက်တုံဂျန်က အပြုံးကြီးပြုံးလိုက်ပြီး

"... ဒီကောင် တော်တော်လေးကို သေချင်နေတာပဲ..."

ရှောင်လုံတို့ အလောတကြီး မြို့ထဲကနေ ထွက်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ ။

ကျူးဝူဂျိကလည်း ရှောက်တုံဂျန်နှက့်အတူ ယုတ်ညံစွာ ရယ်မောလိုက်ပြီး

".... အကိုရှောက်တို့ကတော့ ကံကောင်းချက်ပဲဗျို့
ကောင်မလေးက မှည့်နေတာပဲနော် ... ဟီဟီ... ပြီးရင် ခင်ဗျားဆီက အတွေ့အကြုံလေးကြားချင်သေးတယ်..."

ရှောက်တုံဂျန်က ပြီတီတီရယ်မောလိုက်ပြီး

"... ကျေးဇူးပဲဗျို့ အခုတစ်ခေါက် ဘုဇပတ်မြို့ကို လာတဲ့ ခရီးစဉ်မှာ အခုလိုမျိုး အမြတ်ထွက်လိမ့်မယ် ကျုပ်မထင်ထားခဲ့ဘူး ....  ကဲကျုပ်တော့ အအောင့်နိုင်တော့ဘူးဗျာ...သွားတော့မယ်...."

ထိုနောက် ရှောက်တုံဂျန်ပုံရိပ်က ဝေ့ဝါးကာ ရွှေအိမ်တော်ကုန်သည်အဖွဲ့၏ ဋ္ဌာနချုပ်အတွင်းကနေ ပျောက်ကွယ်သွားလေသည်။ ရှောက်တုံဂျန်က ရှောင်လုံတို့အနောက်သို့ သူ့အမြန်နှုန်းအကုန် သုံး၍
လိုက်ပါသွားသည် ။

သိပ်မကြာခင်မှာပဲ ရှောက်တုံဂျန်က ရှောင်လုံတို့လူစုကို လိုက်မှီသွားသည်။
လေထဲတွင် ပျံသန်းလာသည့် ရှောက်တုံဂျန်က ရှောက်လုံတို့အရှေ့မှာ ခန့်ငြားစွာဖြင့် ဆင်းသက်လိုက်သည်။ ထိုနောက် အင်မတန်ကြီးကျယ်ခမ်းနားသော လူသားတစ်ယောက်ပုံစံဖြင့် ရှောင်လုံတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Место, где живут истории. Откройте их для себя