Chapter (24) Zawgyi

Start from the beginning
                                    

ဆယ်မင်းဆက်သည် တစ်ခုခုဆီကနေလွတ်မြောက်သွားပြီး စိတ်တစ်နေရာကအေးချမ်းသွားသည့် ခံစားချက်ကို ဤခရီးစဉ်မှာရလိုက်သည်။ တစ်စုံတစ်ယောက်ကြောင့် ရာသီစက်ဝန်း၏ နာမတစ်ခုကို မြတ်နိုးလာသလို နေရာဒေသတစ်ခုကိုပါစွဲလမ်းတတ်လာခြင်းသည် သူ့အတွက်ကောင်းသလားဆိုးသလား မပြောတတ်ပေ။

"ငါဒီနေရာမှာပဲ တစ်သက်လုံးနေချင်လိုက်တာ"

ရွာငံ၊ကလော၊ အင်းလေး၊ ‌အောင်ပန်း၊ ပင်းတယ၊ တောင်ကြီးစသဖြင့် သူတို့ခြေချခဲ့သမျှမြို့တွေတိုင်းမှာ ကိုကိုက အနှီစကားကိုဆိုသည်။ အင်းလေးရေပြင်ပေါ်မှာ တရိပ်ရိပ်ပြေးလွှားနေသောစက်လှေပေါ်မှာလေတိုးသံတွေကြား ကိုကို့ဆီကအပြုံးတစ်ခုနှင့်ထိုစကားတစ်ခွန်းကြောင့် ဆယ်မင်းဆက်၏နှလုံးခုန်နှုန်းတွေ ကမောက်ကမဖြစ်ခဲ့ရကြောင်း ကိုကိုကတော့သိမည်မဟုတ်။ ကိုကို့ပခုံးတစ်ဖက်ကို ခပ်ဖွဖွဖက်ရင်း "ဒီမှာကျွန်တော်နဲ့တစ်သက်လုံးအတူနေကြမလား" ဟုဆိုခဲ့သော တိုးညှင်းသည့်ဝန်ခံစကားကို ကိုကိုကြားမှာမဟုတ်တာလည်း ကျိန်းသေ ပါသည်။

တောင်ကြီးကိုရောက်တော့ ဆယ်မင်းဆက်တို့အဘိုးနှင့်အဘွားအိမ်မှာပဲ နေကြသည်။ အိမ်ကဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ဆိုနှစ်ကွက်ငုတ်နေရာမှာရှိသည်။
အဘိုးနဲ့အဘွားက မာမီ၏မိဘများဖြစ်သည်။ သူတို့တွေဆီကို မာမီကနှစ်လတစ်ကြိမ် ပြန်သည်။ အဘိုးနှင့်အဘွားကိုစောင့်ရှောက်ပေးသည့်သူက လူပျိုကြီးဖြစ်သော သူ့ဦးလေး ဦးဝင်းကြည်သာ ဖြစ်သည်။ ဦးလေးက လက်ဖက်ခြောက်လုပ်ငန်းကိုဦးစီးသည်။

အရင်ဆယ်မင်းဆက်နေခဲ့သည့် အခန်းမှာပဲ ကိုကိုနှင့်နှစ်ယောက်အတူအိပ်ကြခြင်းဖြစ်သည်။ နေ့ခင်းဆို သူတို့မြို့ထဲလျှောက်လည်ကြသည်။ ရွှေဘုန်းပွင့်ဘုရား၊ စူဠာမုဏိဘုရားတို့ဖူးပြီး မြို့ပတ်လမ်းတွေပေါ်နှစ်ယောက်အတူဆိုင်ကယ်စီးရှုခင်းကြည့်ကြသည်။ လှပသန့်ရှင်းသောမြို့ပြ၏အငွေ့အသက်များနှင့် တောင်ပေါ်ဒေသေ၏အေးချမ်းမှုတွေ ပေါင်းစပ်ထားတဲ့လမ်းတွေပေါ်  မငြီးငွေ့နိုင်စွာ ထပ်တလဲလဲသွားကြသည်။ အရင်က ကမ္ဘောဇကောလိပ်ဖြစ်ခဲ့သည့် ယခု အမှတ်(၂) အထက်တန်း
ကျောင်းကိုလည်း သွားကြည့်ကြသလို တောင်ကြီးဆေးတက္ကသိုလ်နှင့် တောင်ကြီးတက္ကသိုလ်ဝင်းတွေကိုလည်း သွားလည်ခဲ့သေးသည်။ ညဘက်ဆို တောင်ကြီးညဈေးကိုပတ်ပြီး တိုင်းရင်းသားပေါင်းစုံအစားအသောက်တွေ စားကြသည်။ သီတင်းကျွတ်လပြည့်နေ့ကိုပင် တောင်ကြီးမှာပဲ အဘိုးအဘွားတို့နှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now