ပြတင်း​ပေါက်နံရံတွေမှာတော့ အပြင်ကနေ သူများချောင်းမကြည့်အောင် သတင်းစာ​စက္ကူစတွေနဲ့ ကပ်ထားတာတွေ့နိုင်တယ်။ စာမျက်နှာတစ်ခုမှာပါတဲ့ ခေါင်းစဥ်ကတော့ 'နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာ
အက်ဒဝပ်ဂျုံးန် ထောင်ဖောက်ပြီးထွက်ပြေး'လို့ပါ။

အဝတ်အစားကိရိယာအပြည့်နဲ့သူခိုးက မှောင်ရိပ်ခိုရင်း ကျောင်းဝင်းနားကို ဖြည်းဖြည်းချင်းကပ်လာတယ်။ မိနစ်အနည်းငယ်ကြာတော့ အိမ်နီးနားချင်းတွေ သတိမထားမိဘဲ ကျောင်းဝင်းတံတိုင်းနားကို ရောက်လာပြီ။ သူက နံရံကိုမှီရပ်ရင်း ကျောင်းဂိတ်နဲ့တွဲလျက် တိုင်မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကို ပြုံးပြီးကြည့်လိုက်တယ်။ သူ့အတွေ့အကြုံကြောင့် ဒီကင်မရာတွေရဲ့မြင်ကွင်းကို ရှောင်ဖို့မခက်ခဲခဲ့ဘူး။ နယူး​​ယောက်ပြည်နယ်ရဲ့အဆင့်မြင့်ရာဇဝတ်သားတွေကိုချုပ်ဖို့ထားတဲ့ ထောင်ကိုတောင် သူကျော်ဖြတ်လာပြီးပြီလေ။ သူ့အရည်အချင်းကို သက်သေပြထားပြီးသား။

သူခိုးက အိတ်ထဲကနေ ကျောက်ဆူးနဲ့ကြိုးကိုထုတ်ပြီး နံရံကိုကျော်ပစ်လိုက်တယ်။ နံရံကိုတွယ်တက်ဖို့သုံးတဲ့ အခြေခံအကျဆုံးနည်းလမ်းဆိုပေမဲ့ အခုထိအသုံးဝင်နေဆဲနည်းတစ်ခုပါ။ သူခိုးက ကြိုးအားကိုးနဲ့ နံရံကိုဖြည်းဖြည်းချင်းတွယ်တက်တယ်။ ကင်မရာတွေက အချိန်တစ်ခုကြာတိုင်း ထောင့်ပြောင်းပြီး ကြည့်ပေမဲ့ သူ့ကိုသတိထားမိသေးပုံမပေါ်ဘူး။

မကြာခင်မှာပဲ နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာကြီးက ကျောင်းဝင်းထဲကို အောင်မြင်စွာရောက်လာပြီး မြက်
ခင်းပြင်ပေါ်မှာ အခြေချနိုင်သွားတယ်။ ဒါပေမဲ့ သူအသက်ကို ဝဝမရှုရဲသေးပါဘူး။

"ဒီနေရာမှာလည်း နောက်ထပ်လုံခြုံရေးတစ်ဆင့်ရှိနေလောက်သေးတယ်မဟုတ်လား။"

သူက ပြောလိုက်ရင်း အိတ်ထဲက အနျူမီိနီယံ ပေါင်ဒါမှုန့်တချို့ကို ဖြူးလိုက်တော့ လေဆာတန်းအစိမ်းရောင်တွေ နေရာတိုင်းမှာရှိနေတာ တွေ့လိုက်ရတယ်။ သူခိုးက ပြုံးလိုက်ပြီး 'ကလေးအကွက်တွေပါကွာ။'လို့ ပြောလိုက်လေရဲ့။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now