အပိုင်း 23

Start from the beginning
                                    

"ကြီးကြီးညို.... ကျနော် ဖေဖေချစ်တဲ့လယ်တွေကိုမရောင်းချင်ဘူး....ဒါပေမယ့် ကျနော် ရောင်းရတော့မယ်"

"ငါ့တူ...ငါ့တူလေး ဘယ်လိုလုပ်ချင်လဲကြီးကြီးညိုကိုပြော"

"ကျနော် လယ်ကိုရောင်းမယ်ဗျာ...မြို့မှာအိမ်နဲ့ခြံဝယ်မယ်...ပြီးတော့ ကြီးကြီးညို ကျနော်တို့နဲ့မြို့မှာလိုက်နေပေးလို့အဆင်ပြေလားဟင်"

"ကြီးကြီးညိုကအဆင်ပြေပါတယ်...ကြီးကြီးညိုငါ့တူကိုကျောင်းထားပေးချင်လိုက်တာ.....ကြီးညိုချမ်းသာချင်လိုက်တာ"

"ကြီးကြီးညို မတွေးပါနဲ့.....ဒါနဲ့ ကျနော် နွားနှစ်ကောင်ကိုမရောင်းချင်ဘူးဗျာ..."

ကောင်းမွန် သူငယ်စဥ်ကတည်းက သံယောဇဥ်ရှိခဲ့သောနွားများကိုမရောင်းချင်။

"ငါ့တူ.... ထွန်းလှတို့ကိုအပ်ခဲ့ပါ့လား.....သူတို့လည်း လယ်ထဲဘာထဲသွားရင်နွားလိုတာပဲ....သူတို့အတွက်လည်းအဆင်ပြေတော့ ကူညီလောက်မာပါ"

"ဟုတ်"

..................

ကောင်းမွန်တို့ရွာကလေးသည် ဖွံ့ဖြိုးဆဲရွာကလေးဖြစ်သည်။ ဦးလေးထွန်းလှရဲ့အသိ သူဋ္ဌေးက ရွာကလယ်များကိုဝယ်ချင်နေတာကြာပြီဖြစ်သည်။ကောင်းမွန်တို့လယ်ကွက်များက လမ်းဘေးကပ်ရပ်ဖြစ်သောကြောင့်စျေးကောင်းပေးမည်ဟုလည်းပြောသည်။သူများဘက်တွေ လယ်တစ်ဧက50/100ရသော်လည်း ကောင်းမွန်တို့ရွာနားတစ်ဝိုက်ကလယ်ဟာမြေများမှာ တစ်ဧကသိန်း500အထိပေါက်သည်။

ကောင်းမွန် သူ့ရဲ့ လယ်7ဧကကိုရောင်းပြီးမြို့တွင်အိမ်နဲ့ခြံဝယ်လိုက်သည်။ သူ အရာရာမှာချွေတာသည်။သုံးသင့်တာကိုသာသုံးပြီး မသုံးသင့်သောအရာများမှာသူလုံးဝမသုံးပေ။ ကြီးကြီးညိုက မန္တလေးလိုက်လာသဖြင့် သူတို့မောင်နှမနှစ်ယောက်အတွက်အဆင်ပြေသည်။
ကျောင်းတစ်ဖက်နှင့်လည်း သူမေလေးကိုအရင်အတိုင်းစာပြသည်။ အချိန်ပိုင်းအလုပ်မျိုးစုံလည်းသူလုပ်သေးသည်။

................

နန်းနန်းနဲ့မေလေးရဲ့ 8တန်းစာမေးပွဲ နောက်ဆုံးဖြေဆိုပြီးတဲ့နေ့...

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now