Chapter (21) Zawgyi

Start from the beginning
                                    

သူ နွေဦးကိုချစ်သည်။ ထိုအရာကနေ့ရက်တိုင်းမှာ သေချာသထက် သေချာလာသည်။ ခိုင်မာသထက် ခိုင်မာလာသည်။ နောက်ဆုတ်ဖို့ရာမရှိသလို ပျောက်ပျက်သွားဖို့ရာလည်း မရှိ။

မနက်စာစားဖို့မထွက်ခွာခင် သူတို့တည်းသည့်Kalaw Heritage Hotelရယ် Pinewoods Hotelအနီးမှာရှိသော
ရထားလမ်းလေးကို သွားပြီးဓာတ်ပုံရိုက်ဖြစ်သေးသည်။ ထင်းရှူးတန်းများနှင့်ကုန်းပြင်မြင့်၏အောက်ဘက်ကရထားလမ်းလေးပေါ်မှာ အမှတ်တရဓာတ်ပုံရိုက် လမ်းခဏလျှောက်ပြီးမှ မနက်စာသွားစားကြဖို့ စဉ်းစားထားသည်။
ကိုကိုကတင်ပါးဖုံးသောကုတ်အင်္ကျီအမဲ တစ်ထည်ကို အောက်ကနေဆွယ်တာအမဲရောင်နှင့်တွဲပြီးဝတ်ဆင်ထားသည်။ ဆယ်မင်းဆက်ကတော့ ဟူဒီမီးခိုးရောင်နှင့်အကွက်များပါသောလက်ရှည်ကို အပေါ်ကနေထပ်ဝတ်ထားသည်။

ကိုကို့မျက်နှာက ကလော၏ရာသီဥတုလိုပဲအေးချမ်းနေသည်။ သူသိသည် ကိုကိုကဒီရောက်တည်းက နဂိုထက်ပိုပြီးစိတ်ချမ်းသာနေတယ်ဆိုတာကို...

"ကိုကို"

"ဟင်"

"ကျွန်တော်ကအနှောင့်အယှက်မဖြစ်ဘူးမလား"

နွေဦးသည် ဘေးချင်းကပ်လမ်းလျှောက်နေသည့်ဆယ်လေး၏ မျက်နှာကိုမော့ကြည့်လိုက်သည်။

"မဖြစ်ပါဘူး မင်းပါတော့ ပိုပြီးပျော်စရာကောင်းသွားတယ်"

နွေဦးသည် အမှန်တိုင်းသာဝန်ခံလိုက်သည်။ အကယ်၍ သည်နေရာတွေကိုသာ တစ်ယောက်တည်းလမ်းလျှောက်နေရမည်ဆိုလျှင် သိပ်ပြီးအထီးကျန်ဖို့ကောင်းလိမ့်မည်။ သူကတစ်ကိုယ်တော်ခရီးထွက်ပြီး လွတ်လပ်စွာနေရာအနှံ့ကိုခြေဆန့်မည်ဆိုတာ မဖြစ်နိုင်ဘဲစဉ်းစားမိတာဖြစ်လိမ့်မည်။ လွတ်လပ်တာလား အထီးကျန်တာလားဆိုတာတော့ သူခွဲခြားနိုင်သေးသည်။ ထိုအခါ သူ့ကိုခပ်တင်းတင်းရစ်ပတ်ထားသည့် သံယောဇဉ်ကြိုးလေးက သူ့ကိုပျော်ရွှင်စေတော့သည်။

"မင်းငါနဲ့လိုက်လာရတာရော ပျင်းစရာကောင်းနေပြီလား...ဒီအချိန်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် ချစ်သူနဲ့အတူတူပျော်ပျော်ကြီးရှိသင့်တာ"

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now