ကျန်းရှန့်မေက အလိုမကျတဲ့ အသံနှင့် ပြန်ပြောလာ၏ "အမ် ငါ Weiboပေါ်မှာ တင်ခဲ့တဲ့ statusနဲ့ ပတ်သက်ပြီးလေ ငါက နင့်အတွက် ရပ်တည်ဖို့ ကြိုးစားပေးခဲ့ပေမယ့် အခုလောက်ထိ ပွဲဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ပွဲဖြစ်တယ်?" နင်မုန့် ကြက်သေ သေသွားသည် "ငါ တချက်ကြည့်ကြည့်မယ်"

သူမ ဖုန်းကို ကိုင်လိုက်ပြီး Weiboကို ဖွင့်ကာ 'ချိုခဉ်'ဆိုသော အကောင့်ထဲ ၀င်လိုက်လေ၏။ ကျန်းရှန့်မေရဲ့ အကောင့်ကို ရှာတွေ့တဲ့အခါ commentတွေ ဖတ်လိုက်တဲ့အခါမှာတော့....ပေါက်ကွဲလို့သွားလေသည်။

အင်တာနက်ပေါ်မှာ ကီးဘုတ်ဖိုက်တာတွေ အများကြီး ရှိပြီးသားဆိုတာ နင်မုန့် သိပြီးဖြစ်သည်။ သူမရဲ့ ကမ္ဘာအစစ်မှာတောင် တစ်ယောက်နဲ့တယောက် Weiboပေါ်မှာ ခနဲ့တတ်ကြသည် ဒါကြောင့်ပဲ သူမနဲ့ အင်တာနက်ဆိုတာ မအက်စပ်မှန်း နားလည်လာခဲ့တာမို့ စာတွေနှင့် private chatကိုပါ တော်ရုံ စစ်ဆေးခဲ၏။ ဒီနေ့အတွက် သူမကိုယ်သူမ ပြင်ဆင်ခဲ့ပြီးဖြစ်ပေမယ့် ထိုစာတွေ မြင်တဲ့အခါ မျက်လုံးတွေ ရဲလာလေသည်။

ထိုလူတွေကို စတင်ပြီး တုံ့ပြန်လိုက်လေတော့၏။

[ထိပ်တန်းပြည့်တန်ဆာမက အပျိုပဲ ရှိသေးတယ်? ဟဟဟ ဒီနေ့ ငါကြားဖူးသမျှထဲ အရီရဆုံးဟာသပဲ]

--@ချိုချဉ် : [တနေ့လုံး နင်လုပ်စရာဆိုလို့ ပါးစပ် ဖွင့်လိုက် ပိတ်လိုက်နဲ့ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ။ ငါအိမ်က အိမ်သာတောင် နင့်ပါးစပ်ထက် သန့်ရှင်းသေးတယ်။ ပြီးတော့ နင့်ရဲ့ တည်ရှိမှုကလည်း ဟာသပဲ!]

[ဘာလို့ သူမကို အဲ့လောက်ထိ ကာကွယ်ပေးနေရတာလဲ? နင့်ကို သူမရဲ့ အကျန်တွေ ကျွေးထားလို့လား?]

--@ချိုချဉ် : [ကိုယ်စားလှယ်က စပျစ်သီးတောင် မစားသေးဘဲနဲ့ စပျစ်သီးက ချဉ်တယ်လို့ ပြောနေတာပဲ။ သူမက ကစားစရာလှေ မဟုတ်ဘူးနော် နင့်အကြွေးတွေကိုသာ ပေးဖို့ မမေ့နဲ့!]

[နင်တို့နှစ်ယောက်လုံးက တော်တော် ရွံစရာကောင်းတာပဲ။ ချမ်းသာတဲ့ အသိုင်းအဝိုင်းရဲ့ ရှုံးနိမ့်မှု စက်ဆုပ်ဖို့ ကောင်းလွန်းတယ်!]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now