အပိုင်း 3

Zacznij od początku
                                    

ကြောင်လေးတွေက ရွှေအိမ်စည်အနား တွင်ဝဲကာနေသည်။ ဆာရီအနီရောင်ဝတ်ထားသောအိမ်စည်က တကယ်ချောလွန်းသည်။ကောင်းမွန် ထိုကဲ့သို့ချောသောမိန်းကလေးကို အပြင်မှာပထမဆုံးမြင်ဖူးခြင်းပင်။ကြောင်လေးတွေကိုလည်း ကြင်နာတတ်သောထိုမိန်းကလေးက စိတ်ထားနူးညံ့မည့်ပုံစံလေးပင်။

ရုတ်တရက် စကားပြောလိုက်သော ကြီးကြီးခင်ကြောင့်ကောင်းမွန်မြတ်အတွေးတို့က ရပ်တန့်သွားသည်။

"အိမ်စည်....ကြောင်လေးတွေကို အစာကျွေးလိုက်ပါဦး"

"ဟုတ်ကြီးကြီး"

.
.

"ကြီးခင်...အဲ့တာလေးက ကြီးခင်ပြောပြနေတဲ့ ကြီးခင်တူမလေးလား...အချောလေးနော် တူမလေးက"

"ဟုတ်တယ် ရည်မွန်ရေ...ပျင်းလို့လာလည်တာတဲ့...ကောင်းမွန်လေးနဲ့ရွယ်တူလောက်ပဲ"

ခဏအကြာတွင်ဘူတာကြီးမှထွက်လာသော ရထားမှာ သူရဲဘူတာသို့ဆိုက်ရောက်လို့လာလေသည်။

ကောင်းမွန်တို့ရထားပေါ်တက်ပြီး နေရာယူကြသည်။ကောင်းမွန် မေလေးအတွက် ငုံးဥပြုတ်ဝယ်ဖို့မမေ့။

"သား...သားညီမလေးကို တအားအလိုမလိုက်နဲ့နော်...ငါ့သားကိုမကြောက်ဘဲနေလိမ့်မယ်"

"မေလေးက အဲ့လိုကလေးမျိုးမဟုတ်ပါဘူး အမေရ.....သူ ကြီးလာလို့မလိမ်မာရင်လည်း သားတစ်ယောက်လုံးရှိပါတယ် ...ဆုံးမဖို့သားတာဝန်သာထား"

"ဘယ်လိုဆုံးမမှာလဲ သားက"

"ဆူသင့်တာဆိုဆူမယ်...ရိုက်သင့်တာဆိုရိုက်မယ်...ချော့တစ်ခါ ချောက်တစ်လှည့်ပေါ့အမေရ.....သား သားညီမလေးရဲ့ဘဝကိုလှပအောင်ထုဆစ်ပေးမာပါနော်"

ရထားပေါ်တွင် စကားပြောနေကြသော သားမိနှစ်ယေက်မှာ ဘေးကလူတွေကိုပင်ဂရုမစိုက်နိုင်။

မန္တလေး သူရဲဘူတာမှသူတို့စစီးလာသောရထားသည် အိုးဘို၊မြနန္ဒာ၊ ကံပိုင်အစရှိသော ဘူတာများကိုကျော်ကာလာလေသည်။ ရထားမှာ တောင်ပြုံးဘူတာသို့မကြာမီရောက်တော့မည်။

ကောင်းမွန် သူ့အမေ့ကို ကြည့်ကာ....

"အမေ.....အရင်နှစ်တောင်ပြုံးပွဲတုန်းက သားတို့ရထားနဲ့သွားတာ ပျော်စရာကြီးနော်.... ဒီနှစ်လည်း သားတို့ရထားနဲ့ပဲသွားကြမယ်နော်...အဖေရယ် အမေရယ် သားရယ် ညီမလေးရယ်အတူတူ ပွဲစျေးတန်းလျောက်လည်ကြမယ်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Opowieści tętniące życiem. Odkryj je teraz