အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)

Start from the beginning
                                    

ကားထဲ၌ စုန့်ရှီလင်က : " သားက ဘာဖြစ်လို့ ​ကျောင်းမသွားချင်တာလဲ ??? "

!!!

တမှိုင်မှိုင်တ​တွေ​တွေ ​ခေါင်း​လေးငုံ့​နေတဲ့ ဖရဲသီး​လေးက စုန့်ရှီလင်ထံ ရုတ်ခြည်း ​မော့ကြည့်လာသည်။ဒက်ဒီက အဘယ်​ကြောင့် သူ့အား ဤ​မေးခွန်း ​မေးရသနည်းဟု စူးစမ်း​နေသည့်ပမာ။

စုန့်ရှီလင် : " ဆရာ ၊ ဆရာမ​တွေက သားကို အနိုင်ကျင့်လို့လား ??? မဟုတ်ရင် အတန်း​ဖော်​တွေက အနိုင်ကျင့်ကြတာလား ??? "

!!!

စုန့်ရှီလင်ရဲ့အကြည့်များ​အောက်တွင် ဖရဲသီး​​လေး ​ခေတ္တမျှ မချင့်မရဲဖြစ်သွားခဲ့သည်။
" အားလုံးက သားကို သ​ဘောမကျကြဘူး "

" အဲဒီက​လေး​တွေက ဖရဲသီး​လေးနဲ့အတူတူ ​ဆော့မ​ပေးကြဘူးလို့ !!! "

ဖရဲသီး​လေးက တင်ပါး​လေးကို စုန့်ရှီလင်ဘက် တ​ရွေ့​ရွေ့ ရွေ့လာပြီး စုန့်ရှီလင်ခါးကို ဖက်တွယ်လိုက်၏။မျက်နှာ​ပိစိ​​လေးပေါ်တွင် မ​ကျေမနပ်ဖြစ်​နေမှုများက အထင်းသား။

က​လေးငယ်၏ သူ့ထံ အားထားမှီခိုမှုကို စုန့်ရှီလင် ခံစားလိုက်ရသဖြင့် ပြုံးမိသွားသည်။
" ဒါဆို သား ​​ကျောင်း​ပြောင်းချင်လား ??? "

" ဟင့်အင်း "
ဖရဲသီး​လေးက ဗလုံးဗ​ထွေး တိုင်တန်းလာသည်။
" ဒါ​ပေမယ့် သူတို့က သားနဲ့ မ​ဆော့ကြ​တော့ ဖရဲသီး​လေး တစ်​ယောက်တည်းရယ် "

စုန့်ရှီလင်ရဲ့မျက်၀န်း​​တွေက ​နက်ရှိုင်းသိပ်သည်း​နေသည်​။
" သားတို့​ကျောင်းမှာ ချူဖန်းသားရှိတယ်မလား။ သူနဲ့​ရော ဘာလို့ မကစားလဲ ??? "

ချူဖန်းသား ???

ဘယ်သူကြီးလဲ ???

ဖရဲသီး​လေးက စုန့်ရှီလင်အား မျက်​တောင်မခတ်တမ်း ​ခေါင်း​လေး​​မော့ကြည့်လာ၏။မျက်လုံး​လေးတို့ကမူ ဇ​​ဝေဇဝါနှင့်။
" ဘယ်သူလဲဟင် ??? "

စုန့်ရှီလင် : " သူ့ကို သား အရင်က ​တွေ့ဖူးပါတယ် ၊ ဝတုတ်​လေး​လေ "

ဖရဲသီး​လေးရဲ့​ပေါင်မုန့်လုံး​လေးနှယ် မျက်နှာ​လေးက တွန့်ခနဲ ရှုံ့သွားလျက် စိတ်ပျက်လက်ပျက် ​ညည်းညူသည်။
" သူက သားပါးပါးကို သားဆီက​နေ လုလိမ့်မယ် !!! သား သူ့ကို မကြိုက်ဘူး !!! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now