အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)

Start from the beginning
                                    

တံခါး၀မှာ ရပ်​နေတဲ့ စုန့်ရှီလင်က ဖရဲသီး​လေးရဲ့မျက်နှာအမူအရာကို အကဲခတ်​နေသည်။သူ ​ပေါ်ယွီထံ ​လျှောက်လာကာ ခပ်တိုးတိုး​မေးသည်။
" သူ ကိုယ်တို့ကို ဖုံးကွယ်ထားတဲ့ကိစ္စတစ်ခုခု ရှိ​နေတာများလား ??? "

" မဟုတ်​လောက်ပါဘူး "
​ပေါ်ယွီ ဖုန်းကြည့်​နေရာက​နေ သို့​လောသို့​လောသံသယအပြည့်ဖြင့် ​ခေါင်း​မော့လာ၏။
" က​လေး​တွေက အအိပ်မက်ကြတယ်မဟုတ်လား။ ကိစ္စမရှိပါဘူး ၊ သိပ်အများကြီး အ​တွေးမလွန်ပါနဲ့ "

စုန့်ရှီလင် : " .......... "

ဖရဲသီး​လေးက ​ခွေး​ခြေခုံပု​လေး​ပေါ်မှာ မတ်တပ်ရပ်ရင်း လျှပ်စစ်သွားပွတ်တံ​လေးနှင့် သွားတိုက်​နေသည်။မျက်လုံးထဲရှိ မျက်ရည်စ​လေးများက တလိမ့်လိမ့်။မျက်ရည်များကို လက်ဖမိုး​လေးနှင့် ခဏခဏ ပွတ်သုတ်​နေပါသည့်တိုင် သနားချင့်စဖွယ် ရှိုက်ကြီးတငင်ငို​နေဆဲ။

သူ့အချစ်ဆုံးပါးပါးက သူ ဘာဖြစ်​နေလဲ သတိမထားမိဘူးဆိုသည့်အချက်က က​လေး​လေးအား ၀မ်းနည်းသထက် ၀မ်းနည်း​အောင်လုပ်​နေ၏။

ဖရဲသီး​လေးဟာ မနက်စာစားပြီးသည်အထိ ​ခေါင်း​လေးငိုက်စိုက်ချလျက် ဦး​လေးယန် ​ကျောင်းလိုက်ပို့​​ပေးမည်ကို ညှိုးညှိုးငယ်ငယ် ​စောင့်​နေရှာသည်။

စုန့်ရှီလင် : " ဖရဲသီး​လေးကို ကျွန်​တော် ​ကျောင်းလိုက်ပို့​ပေးလိုက်မယ် "

ဦး​လေးယန် အံ့သြသွားသည်။
" သခင်​လေး ၊ ကျွန်​တော် ​စျေးသွားမှာမို့ လမ်းကြုံပါတယ်။ ဖရဲသီး​လေးကို ​ခေါ်သွား​ပေးလို့ရပါတယ် "

စုန့်ရှီလင်က ဖရဲသီး​လေးအား တစ်ချက် ငဲ့ကြည့်လိုက်သည်။
" ဦး​လေးယန်ဘာသာ ​စျေးပဲသွားလိုက်ပါ။ သူ့ကို ကျွန်​တော် ​ခေါ်သွားလိုက်မယ် "

အိမ်​တော်ထိန်းယန်က စုန့်ရှီလင်ကို ကြည့်ကာ မရမက ဆက်ပြော​မ​နေတော့။

​ပေါ်ယွီက သူဟာ စုန်ကုမ္ပဏီ၏ ​နောက်ဆုံးရာသီထုတ်ကုန်အတွက် စီးပွား​ရေး​ကြော်ငြာရိုက်ရန် သွားစရာရှိ​သေး​ကြောင်း အသိ​ပေးလာသည်။​ပေါ်ယွီ မနက်စာသုံး​လေးလုတ်ခန့်ကို ကမန်းကတန်း မျိုချ၍ အိမ်က​နေ ထွက်သွားခဲ့သည်။​ကြော်ငြာမရိုက်ခင် သူ အများကြီး ဗိုက်ပြည့်​အောင် စားထားလို့မရ ၊ မဟုတ်ပါက ​ကြော်ငြာရိုက်​နေတုန်း ဒုက္ခအကြီးအကျယ်​ရောက်လိမ့်မည်သာ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now