အခန်း-၁၁၇(ခွင့်လွှတ်မှု)

Start from the beginning
                                    

ရာသီသစ်တွင် စုန့်ကုမ္ပဏီ ဖြန့်ဖြူး​ရောင်းချမည့် ထုတ်ကုန်​ကြော်ငြာရိုက်ကူး​ရေးရယ် ၊ 《 Secret Agent 》 ၏ ပရိသတ်ကြား ပရိုမိုးရှင်းဆင်းပွဲရယ် သူ သွားဖို့ရှိသည်။

လီကျဲက လာမယ့်အပတ် အလုပ်အချိန်ဇယားစာရင်းကို ​ပေါ်ယွီ့​ရှေ့ ချ​ပေးကာ စိတ်ပူစွာ ​မေးသည်။
" အန်တီ့​ရောဂါက ဘယ်နှယ့်​နေလဲ ??? "

" အများကြီး သက်သာပါတယ် "
ချင်ရှန်းရဲ့ ထို'​ရောဂါ' အ​ကြောင်း ကြားရ​တော့ ​ပေါ်ယွီ့မျက်နှာက မဲ့ခနဲ။

​ပေါ်ယွီ အဘယ်​ကြောင့် ဒီလိုဖြစ်သွားမှန်း လီကျဲကမူ မသိ။

ညရှစ်နာရီ။သရုပ်​ဆောင်လျူခိုင် စီစဉ်ရိုက်ကူးပြီး ​​ခြေတံရှည်များပိုင်ရှင် နတ်ဘုရား ပေါ်ယွီ ပါဝင်သရုပ်​ဆောင်ထား​သော 《 Secret Agent 》 ရုပ်ရှင်ဟာ ဟွားချန်မြို့​တော်တွင် ပထမဆုံးအကြိမ် စတင်ပြသခဲ့သည်။

ယင်းပထမဆုံးပြသသည့်ညဝယ် လျူခိုင် ၊ ​ပေါ်ယွီ ၊ ရှန်ယန် ၊ အခြား​ခေါင်း​ဆောင်မင်းသားများနှင့်တကွ အဓိကဇာတ်ပို့ဇာတ်ရံ သရုပ်​ဆောင်မင်းသားမင်းသမီးများစွာ ဤပရိုမိုးရှင်းပွဲသို့ တက်​ရောက်ခဲ့ကြသည်။

#ငါးဆားနူမင်းသားတစ်​ယောက်နှင့် မင်းသမီးတစ်လက် အရှုပ်​တော်ပုံ# ၊ #​ပေါ်ယွီ စပွန်ဆာယူ​နေ# : အနှီမ​ကောင်းသတင်းနှစ်ပုဒ်​ကြောင့် ​ပေါ်ယွီခမျာ Hot Search ထိပ်ဆုံး​နေရာကို လဝက်ခန့် သိမ်းပိုက်ထားခဲ့ပြီး ဤအ​တောအတွင်း သူက အတင်းအဖျင်း​ပြောရန် ​ရေပန်းအစားဆုံး ​ခေါင်းစီးတစ်ခု ဖြစ်​နေခဲ့၏၊

​ပေါ်ယွီ လူထု​ရှေ့ ထွက်​ပေါ်လာ​သည်နှင့်တစ်ပြိုင်နက် တဖြတ်ဖြတ်လက်​နေ​သော ကင်မရာမီးအလင်း​ရောင်များက ပိုမိုသိပ်သည်းလာသည်။သို့​ပေတည့် ​​စော်ကား​မော်ကား ဦးတည်ပုတ်ခတ်တိုက်ခိုက်တဲ့ စကားလုံးများ​သော် နတ္ထိ။

​ပေါ်ယွီ သူ့ရဲ့စပွန်ဆာသတင်းကို နာမည်ရှင်းလင်း​ရေးလုပ်တုန်းက သူဟာ ​ပေါ်မိသားစု၏ ဒုတိယသားဖြစ်​သည်ဟူ​သော သရုပ်မှန်ကို လူ​တွေဆီ အသိ​ပေးခဲ့သဖြင့် သတင်း​ထောက်​တွေက ဓါးသွားထက်ထက်​မေးခွန်းမျိုးတွေကို ​မေးရန် သတ္တိမရှိကြ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now