part_21ဇာတ်သိမ်း

3.3K 48 0
                                    

သူမလေးလဲ အိမ်ကိုဘေးအန္တရယ်ကင်းကင်း
နဲ့ပြန်ရောက်လာပြီဆိုတော့ သူလဲစိတ်ချ
သွားရကာ လက်စဖြတ်စရာရှိသည့်အလုပ်
များကို ဖြတ်နေရလေသည်။

မကြာမီမဂ်လာပွဲကလဲ ကျင်းပရတော့မည်
ဆိုတော့ သူတစ်ယောက်ထဲမအားလပ်ဘဲ
ပတ်ချာလည်နေတော့သည်။

*boss ဒီမှာ မှာထားတဲ့ စာရင်းရပါပြီ*

*အေးထားခဲ့ ပြီးရင်ပွဲအတွက် ဘာတွေလိုအပ်
နေသေးလဲဆိုတာတစ်ချက်သွားကြည့်လိုက်*

*ဟုတ်ကဲ့ boss*

လက်မှတ်ထိုးစရာရှိသည်တို့ကို တစ်ခါထဲ
ထိုးလိုက်ပြီး သူလုပ်နေတဲ့ မှောင်ခိုဈေးကွက်သို့
ထွက်လာခဲ့လိုက်သည်။

လက်နက်တွေထားသော ဂိုဒေါင်ထဲသို့လှည့်လည်
စစ်ဆေးလိုက်ပြီး

*သေချာလုပ်ကြနော် ဘာအမှားအယွင်းမှ
မဖြစ်စေနဲ့ ဒီတစ်ခါပို့တာနောက်ဆုံးပဲ
နောက်ကျရင်မင်းတို့တခြားအလုပ်ပြောင်း
လုပ်ရမယ်*

*ဟုတ်ကဲ့ ဒါနဲ့လေကျွန်တော်တစ်ခုလောက်မေး
လို့ရမလား bossကဘာလို့လက်နက်ရောင်း
တာကို ရပ်နားလိုက်ရတာလဲ*

မိန့်ကအဓိပ္ပာယ်ပါသောအပြုံးဖြင့် ပြုံးလိုက်ကာ

*ဘာလို့လဲဆိုတော့ ငါကမကြာခင် မိန်းမယူ
တော့မှာမို့ပဲ ဒီအလုပ်ကြောင့်ငါ့ကို
ထိခိုက်မှုတွေဖြစ်လာမှာစိုးလို့ကြိုတင်
ကာကွယ်ထားတာ*

*အဲ့လိုလား စိတ်ချပါboss ကျွန်တော်တို့ဘာ
အန္တရာယ်မှမဖြစ်အောင်သေချာဂရုစိုက်ပြီး
ပို့လိုက်ပါ့မယ်*

*အေးပါကွာ မင်းတို့ကိုပဲအားကိုးပါတယ်*

ထိုဆီကနေပြန်လာတော့ သူ့မှာမနားရသေးဘဲ
ပွဲစီစဉ်တဲ့ဆီကို ထွက်လာခဲ့ရပြန်သည်။

*ပွဲအတွက်ပန်းစီစဉ်တာက အဆင်မပြေလို့ပါ
ဆရာမှာထားတဲ့ပန်းက ဒီရာသီမှာမပွင့်သေး
တော့ တခြားပန်းကိုပဲ အစားထိုးလိုက်ပါလား*

*အင်း ဘယ်ပန်းတွေဆိုအဆင်ပြေမလဲ ကြည့်
ကြည့်ရအောင်*

*ဟုတ်ကဲ့ဆရာ*

တစ်နေကုန်ပွဲစီစဉ်ပြီး ညပိုင်းရောက်မှသူ့မှာ
နားရတော့သည်။ခဏနားရေမိုးချိုးပြီး
သူ့ရဲ့သတိုးသမီးလောင်းလေးထံ ဖုန်းဆက်
လိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Sep 11, 2023 ⏰

Add this story to your Library to get notified about new parts!

🌻ခဏတာလာတဲ့ ဧည့်သည်🌻 or ကိုယ်ပိုင်သောချစ်ဇနီးလေးWhere stories live. Discover now